Channel Myanmar

Suhas Joshi

Munjya (2024) 7.1
Munjya (2024) Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie

Munjya (2024)

Josh (2000) 6.2
Josh (2000) Josh (2000) *************** အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ ...
movie

Josh (2000)