Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sudheesh
7.1
Cheena Trophy (2023)
Cheena Trophy (2023)"ချစ်လက်ဆောင်"ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.17GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Cheena Trophy (2023)
7.0
Sesham Mike-il Fathima (2023)
Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie
Sesham Mike-il Fathima (2023)
2023
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
8.0
Mukundan Unni Associates™ (2022)
Mukandan Unni Associate ==================== imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie
Mukundan Unni Associates™ (2022)
2022
8.5
Padavettu (2022)
Padavettu (2022) ————————————————— အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးရွာငယ်လေးတစ်ရွာကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံရေး action thriller အမျိုးအစားmovie ဖြစ်ပြီး IMDb rating 9/10 ရရှိထားတာဖြစ်ပါတယ် စိုက်ပျိုးရေးကိုပဲ အခြေတည်ပြီး ရှင်သန်စားသောက်နေကြတဲ့ ရွာငယ်လေးမှာ ဒေသနိုင်ငံရေးပါတီပဋိပက္ခတွေကြား ရင်ဆိုင်ကြရတဲ့အခါ..အားကစားသမားbiker တစ်ယောက်ဖြစ်ခဲ့တဲ့ Ravi ဟာ မတော်တဆမှုတစ်ခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ introvert တစ်ယောက်ဖြစ်သွားပါတော့တယ်ဒါပေမယ့် သူ့ဘဝကိုတစ်ဖန်ပြန်ပြောင်းလဲစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရတဲ့အခါမှာတော့ ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကြီးကို တွန်းလှန်ဖို့ကြိုးစားရပါတော့တယ် .. နိုင်ငံရေးသမားတွေနဲ့ ယှဉ်ပြီး ကြိုးစားနေတဲ့ Ravi တစ်ယောက် ရွာသူရွာသားတွေရဲ့ ထောက်ခံအားပေးမှုကိုရော ရရှိလာမှာလား.. ဘယ်အရာကများသူ့ကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေဖို့တွန်းအားပေးခဲ့တာလဲ.. စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. File size…2.8GB / 1.26GB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Go-O
movie
Padavettu (2022)
2022
6.7
Heaven (2022)
Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် အချိန်မပေးနိုင်ဘဲ အေးတိအေးစက်ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie
Heaven (2022)
2022
8.6
Minnal Murali (2021)
Minnal Murali (2021)Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုးနေတဲ့နောက် ဒီတစ်ခါမှာတော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အပြောင်းအလဲဖြစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုးဖြစ်ခဲ့ပြီး ဖခင်အပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတဲ့နောက် ကံဆိုးသူမောင်ရှင်လေး Jaisonအနေနဲ့ အရွယ်ရောက်တဲ့အထိ ကံဆိုးမှုတွေက အဆုံးမသတ်ခဲ့သူပါ၊ အမေရိကန်သွားပြီး ချမ်းသာအောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မအောင်မြင်သလို ချစ်ရတဲ့သူကလည်း စေ့စပ်ထားပြီးသားသူ ဖြစ်နေမှန်း မတော်လိုက်ရတဲ့ ယောက္ခမကပြောမှ သိရတဲ့သူပါ၊မောင်ရှင်တောင် Jaisonလောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရအောင်ပဲ ဇာတ်လိုက်ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါသေးတယ်၊ ဒါပေမဲ့ သန်းခေါင်ထက် ညမနက်တော့သလို သူရဲ့ကံဆိုးမှုတွေက ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်နေလို့ သာမန်လူတွေမှာ မရှိတဲ့ Superhuman အစွမ်းတွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်ယောက်တည်းမဟုတ်ဘဲ ထပ်ရှိနေသေးသလို အဲဒီလူက ရထားတဲ့အစွမ်းတွေကို မကောင်းတဲ့ အဖျက်လုပ်ငန်းတွေမှာ သုံးလာတဲ့အခါJaisonအနေနဲ့ ...
movie
Minnal Murali (2021)
2021
7.9
Kurup (2021)
1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။ File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie
Kurup (2021)
2021
7.9
Virus(2020)
Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie
Virus(2020)
8.0
Anjaam Pathiraa(2020)
Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
Anjaam Pathiraa(2020)