Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Subbu Panchu
4.4
Aranmanai 2 (2016)
Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ်ဒီမကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 4.78GB / 2.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ...
movie
Aranmanai 2 (2016)
2016
6.3
Thalaivaa (2013)
Thalaivaa (2013) "အမွေခံသား" IMDb 6.3ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့ သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီး သားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ်ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းက တစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ်မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီး အဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီး သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင် ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့....ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုး မိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ...
movie
Thalaivaa (2013)
2013
6.7
Ghosty (2023)
Ghosty ( 2023 ) ============== IMDb. 6.8/10 .Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin~ BpL~ Yunni~ Cherry~Zwe Yan ...
movie
Ghosty (2023)
2023
4.6
Prince(2022)
Prince (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ.. ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ...ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ...။ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ...။အဲ...သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး တစ်ယောက်ရောက်လာတယ်... သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်...။ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ...။ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ...။အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲမင်းသားအဖေက ဗြိတိသျှကို မုန်းတယ် မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ် ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး...။ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်.. File size…2.5GB /1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM ~ Sora ~ Taylor ...
movie
Prince(2022)
2022
8.2
Etharkkum Thunindhavan (2022)
Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie
Etharkkum Thunindhavan (2022)
2022
6.1
Enna Solla Pogirai (2022)
Enna Solla Pogirai (2022)ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲတစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။ - အောင်ချိမ့်" Love and Life is all about timing.''လူတွေက ပြောကြတယ်။ အချစ်နဲ့ဘဝဆိုတာ အချိန်ကိုက်လည်ပတ်နေမှုတစ်ခုပဲတဲ့။အချစ်ကိုပဲဖြစ်ဖြစ် ဘဝကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်မှန် ဖမ်းဆုပ်နိုင်ခဲ့ကြရဲ့လား။ကျွန်တော်တို့ ဘာတွေကို လက်လွှတ်လိုက်ရလဲ။" ကိုယ့်ဘဝထဲကို Right Person ဆိုတဲ့ဖြစ်တည်မှုတစ်ခု ဝင်ရောက်လာခဲ့ရင်တောင်Wrong Time ဖြစ်နေခဲ့ရင်။ အချစ်စစ်ဖြစ်နေပါစေဦး ငါတို့ လွဲချော်ကြရတာပဲ။ ''- ဗစ်ကရမ်" ဗစ်ကရမ် ရှင့်အတွက် ကျွန်မက ရွေးချယ်စရာတစ်ခုဆိုတာမျိုး မဖြစ်ချင်ဘူး ''- အမ်ဂျလီ" အတုအယောင်ဇာတ်လမ်းထဲက အချစ်စစ်ဖြစ်နေပါစေဦး ကျွန်မတို့ ဒါကို မပိုင်ဆိုင်နိုင်ဘူး။ ''- ပရီသီသူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ထဲမှာ ဘယ်သူတွေကများ အချစ်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလဲ။ဘယ်သူတွေက လက်လွှတ်ဆုံးရှုံးလိုက်ရသလဲဆိုတာ ဒီ Rom-Comedy ရုပ်ရှင်ကောင်းလေးမှာ ခံစားလိုက်ပါဦးနော်။ File ...
movie
Enna Solla Pogirai (2022)
2022
9.1
Maanaadu (2021)
Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာတွေရှိသလို ဒီတစ်ခေါက်မှာတော့ Tamil Time-loopဇာတ်လမ်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb user၁သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရအောင် ရုံဝင်ငွေများစွာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာဆောင်ကနေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်ပေါ်မှာ သူနဲ့.မင်္ဂလာဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကိုရောက်၊ သတို့သမီးကို ဖြတ်ခုတ်အပြီးထွက်ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုးပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါပေမဲ့ ရဲတွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံနေကြတာပါ၊ ဒါကတော့ ၁၂ကြိမ်မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီးသေသွားလို့ အဗ္ဗဒူကိုခြိမ်းခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအနေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲသေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါပေမဲ့ တကယ်မသေခဲ့ဘဲဆီသာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ ...
movie
Maanaadu (2021)
2021
Annabelle Sethupathi(2021)
ပေါ့ပေါ့ပါးပါးကြည့်ရမယ့် တာ့ပ်ဆီးနဲ့ဗီဂျေစည်သူတို့ရဲ့ ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ သရဲတွေ နေတဲ့စံအိမ်တစ်ခုအကြောင်းပါပဲ။ဒီအိမ်ထဲ သရဲတွေဟာ ဆွေမျိုးအများကြီးနဲ့အကျဉ်းကျနေကြတယ်။နန်းတော်သဖွယ်တည်ဆောက်ထားတဲ့ အဲ့ဒီအိမ်ဟာသူခိုးမလေးတို့ အဖွဲ့ရဲ့ မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။သူခိုးမလေးဆိုတာကတော့ တာ့ပ်ဆီးပါပဲ။သူတို့သူခိုးအဖွဲ့ကို သရဲတွေမှာတော့အားကိုးရတဲ့ အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါက သူတို့အားလုံး ဒီအိမ်ကလွတ်ဖို့သူခိုးမလေးကူညီနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ပါပဲ။ပျာယီးပျာနိုင်လှတဲ့ သရဲမိသားစုဟာသူခိုးမလေးနဲ့ တစ်အိမ်ထဲဘယ်လို နှစ်ပါးသွားကြမလဲဆိုတာကိုဟာသတွေနဲ့ အတူ ခံစားကြည့်ကြပါဦးဗျာ။File size…1.32GB / 2.13GB / 511MB Quality…720p WEB DL / 1080p WEB DL 5.1CH /480p Format…Mp4 Duration….2h 14mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu & Nyi Koe & Thaik San
movie
Annabelle Sethupathi(2021)
108
7.7
Kasada Tabara (2021)
Kasada Thapara (2021)အခုတစ်ခေါက် CM ပရိသတ်တွေကို တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ Kasada Tharapa လို့ အမည်ရတဲ့ အိန္ဒိယ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဒီကားလေးကတော့ အများနဲ့မတူ တစ်မူ ထူးခြားပါတယ် ဇာတ်ကားနာမည်ဖြစ်တဲ့ "Kasada Thapara"ဆိုတဲ့ စကားလုံးလေးကအစ ထူးခြားနေတာမျိုးပေါ့.....တမီးလ် ဘာသာအရဆိုရင် Kasada Tharapa ဆိုတာက "အက္ခရာတွေရဲ့ပုံပြင်"လို့ အဓိပ္ပာယ်ရပါတယ် ဒီမှာ ထင်မိမှာပေါ့အက္ခရာတွေက ဘာများ ထူးခြားနေလို့လဲ..... အဲ့ဒီမေးခွန်းအတွက် အဖြေလာပါပြီCrossword ဆိုတဲ့ ပဟေဠိကို လူတိုင်းဆော့ကြဖူးမယ်ထင်ပါတယ် ပေးထားတဲ့ အဓိပ္ပာယ်နဲ့စာလုံးလေးတွေအတန်းလိုက်ဖြည့်ရတယ် ပြီးရင် ဖြည့်ထားတဲ့ အကွက်လေးထဲကအက္ခရာတစ်လုံးချင်းဆီ ပေါင်းပြီး စာလုံးအသစ်လေးတွေ ရလာတယ် မဟုတ်လားဒီရုပ်ရှင်လေးမှာလည်း ဒီလိုပါပဲ လူခြောက်ယောက်ရဲ့ အဖြစ်အပျက် ကိုယ်စီကို သရုပ်ဖော်ထားမယ် အဲ့ဒီလူခြောက်ယောက်ရဲ့အဖြစ်အပျက်တွေ ဆက်စပ်ဖော်ထုတ်ရင်း နောက်ဆုံး အဖြေကို ရအောင် ရှာဖွေရမှာပဲ ဖြစ်ပါတယ်ဒါပေမဲ့ ဒီလိုရှာဖွေဖို့ကလည်း အခက်အခဲအများကြီးကို ဖြတ်ကျော်ရဦးမှာပါ ...
movie
Kasada Tabara (2021)
2021
7.1
Ponmagal Vandhal (2020)
(မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie
Ponmagal Vandhal (2020)
2020