Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Subathra Robert
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
5.5
Thiruvin Kural(2023)
ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုးအယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ...
movie
Thiruvin Kural(2023)
2023
7.8
Yaathisai (2023)
Yaathisai 2023IMDb 8.1/10လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့ သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရော စစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ ...
movie
Yaathisai (2023)
2023