Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stuart Stone
6.6
Joy Ride (2001)
လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre...Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie
Joy Ride (2001)
6.1
Tar (2020)
Tar (2020)==========IMDb Rating - 6.1/102020 ခုနှစ်ထွက် Drama/ Thriller ဇာတ်ကားလေးပါ၊ လူနည်းနည်းနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဇက်ခ်နဲ့ သူ့ဖခင် ဘယ်ရီတို့ဟာ လော့အိန်ဂျလိစ်မြို့မှာ စက်ပြုပြင်ရေးလုပ်ငန်းကို ဘယ်ရီရဲ့အဖေလက်ထက်တည်းက လုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ စာချုပ်အရ သူတို့ရုံးဖွင့်ထားတဲ့တိုက်ကနေ ဖယ်ပေးရတော့မှာဖြစ်ပါတယ်။ ဖယ်ပေးဖို့ အတွက် ညဘက် ပစ္စည်းပစ္စယတွေထုပ်ပိုးနေတဲ့အချိန်မှာပဲ မီးပျက်သွားပြီး ကြောက်စရာအရိပ်ကြီးတစ်ခု သူတို့တိုက်ထဲကို ဝင်လာပါတော့တယ်။ အဲဒီအရိပ်ကြီးက လူလား တစ္ဆေလား ဘယ်လိုသတ္တဝါလဲ သူနဲ့အတူတူပါလာတဲ့ အနက်ရောင်အရည်တွေကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Adventure, TrillerSource : 1080p.WebRipTranslator ...
movie
Tar (2020)
2020
8.0
Donnie Darko (2001)
Donnie Darko (2001) IMDb - 8.0/10_____Rotten - 87% ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။ Personalအရပြောရမယ်ဆိုရင် Predestination.. Memento ..Prestige..InceptionShutter Island အစရှိသဖြင့် ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်မှာ ...4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ အချိန်ခရီးသွားခြင်းသီအိုရီတွေ...ကမ္ဘာပျက်ကိန်းတစ်ခု. အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့ အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက် အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက် ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့ အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။ တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။ အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။ 4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။ Donnie Darko ( Spoiler Alert) အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက Tangent Universe(Parallel Universe)နဲ့ Primary ...
movie
Donnie Darko (2001)
2001