Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stuart Greer
5.8
The Reaping (2007)
တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချောHilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elbaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီးIMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက်ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီးအံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကိုသိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကိုပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်းဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလိုဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက်အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်းကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူးချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲလာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေနတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Reaping (2007)
6.5
Homefront (2013)
ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)
7.8
Remember the Titans (2000)
Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစားမှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှုပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie
Remember the Titans (2000)
2000
4K HEVCHDR
7.3
Take Shelter (2011)
IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။မိုက်ကယ်ရှန်နန်က "ကားတစ်"အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ ...
movie
Take Shelter (2011)
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
6.7
The Gift (2000)
The Gift (2000)~ IMDb rating - 6.7/10 ~ဒီကားရဲ့ ဒါရိုက်တာက Sam Raimi ပါ။ MCU ထဲက Dr. Strange လိုကားကိုတောင် Horror vibe ရအောင် ရိုက်ခဲ့တဲ့ ဘဲပေါ့။ Director တင်လန်းတာလားဆိုတော့ မဟုတ်သေးဘူး။ တစ်ချိန်တစ်ခါက LoTRထဲ အများတကာကြွေခဲ့ရတဲ့ နတ်သမီးလို အလှနဲ့ Cate Blanchett, Batman Begins ထဲ ကျွန်တော်တော်တော်ကြွေခဲ့တဲ့ Katie Holmes, နောက် ကြည်နူးရိပ်ကလည်း ရှားရှားပါးပါး မကောင်းတဲ့လူအနေနဲ့ ပါ၀င်ထားပါသေးတယ်။ Hilary Swank နဲ့ Giovanni Ribisi တို့လို သရုပ်ဆောင်တော်တော်ကောင်းတဲ့ လူတွေလည်း ထပ်လောင်း ပါပါသေးတယ်။ တိုဘီ့ စပိုက်ဒါမန်းကားနဲ့ မသိသူမရှိတဲ့ J. K. Simmons ကြီးလည်း ...
movie
The Gift (2000)
2000
5.7
I Know What You Did Last Summer (1997)
I know what you did last summer (1997) ========================အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့... သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။ ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့တယ်ဆိုတာပဲ။ကားလျှောက်ပတ်မောင်းရင်း လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။" မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် " ဆိုပြီးတော့ပေါ့။ အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ ...
movie
I Know What You Did Last Summer (1997)
1997