Channel Myanmar

Stig Hoffmeyer

Max Manus: Man of War(2008) 7.3
Max Manus: Man of War(2008)  တတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ နာဇီလက်အောက်ကိုကျရောက်နေခဲ့တဲ့ နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် မက်စ်မာနက်ကြိုးပမ်းခဲ့ပုံကိုရိုက်ကူးထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ မက်စ်မာနက်စ်ဟာ ဗြိတိန်နိုင်ငံနဲ့ နော်ဝေနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူဖြစ်ပြီး နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် အဓိကဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။မက်စ်မာနက်စ်ဟာ နော်ဝေစစ်တပ်နဲ့အတူ ဆို‌ဗီယက်တွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ နာဇီတွေနော်ဝေကိုသိမ်းပိုက်လိုက်တဲ့သတင်းကြားကြားချင်း နော်ဝေနိုင်ငံကိုပြန်လာခဲ့ပါတယ်။ နော်ဝေမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး လူအင်အားမရှိတဲ့ မက်စ်တို့ဟာ မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါနဲ့ သူတို့တွေဟာ စကော့တလန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီ အမိမြေကိုပြန်ရယူဖို့ ကြိုးစားခဲ့ပါတယ်။သူတို့ဟာ ဂက်စတာပိုရဲ့ချောင်ပိတ်ဖမ်းတာတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လိုမျိုး အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.22GB / 744.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Max Manus: Man of War(2008)

Dreambuilders(2020) 6.5
Dreambuilders(2020) Dreambuilders(2020)မီနာဟာ ​ကျေးလက်​​ဒေသ​လေးမှာ ဖခင်​နဲ့အတူ ဘဝကို​အေး​အေးချမ်းချမ်းဖြတ်​သန်း​နေတဲ့ ​ကောင်​မ​လေး​တစ်​ဦးပါ။မီနာရဲ့ မိခင်​က​တော့  မြို့ကြီးပြကြီးမှာ အဆို​တော်​ဖြစ်​ချင်​တဲ့အိပ်​မက်​​ကြောင့် တောရွာက သူတို့သားအ​ဖ၂ဦးကို ထားရစ်​ခဲ့ပါတယ်​။မိခင်​ထားခဲ့​ပေမယ့် ဖခင်​နဲ့အတူ​နေထိုင်​ရင်း ​ပျော်​ရွှင်​​နေတဲ့ မီနာ့ဘဝထဲကို မိ​ထွေးဖြစ်​သူ ဟယ်​လီနာနဲ့ မိ​ထွေးရဲ့သမီးဖြစ်​သူ ဂျင်​နီတို့ ဝင်​လာခဲ့ပါတယ်​။သူတို့သားအဖရဲ့အိမ်​​လေးကို မြို့ကြီးသူပီပီ မီနာတို့ဘဝကို အထင်​မကြီးတဲ့ ဂျင်​နီ​ရောက်​လာချိန်​မှာ​တော့မီနာ့ဘဝဟာ စိတ်​အ​နှောင့်အယှက်​ဖြစ်​စရာ​တွေ တစ်​ခုပြီးတစ်​ခုကြုံ​တွေ့ရပါ​တော့တယ်​။အဲ့ဒီနောက် မီနာ့ဆီကို ထူးဆန်းအိပ်မက်စက်ရုပ်လေးရောက်လာတယ်...ဒီစက်ရုပ်လေး အိပ်မက်တွေကို လှပအောင်ဖန်တီးပေးတဲ့သူလေးပေါ့...အိပ်မက်တွေက တစ်ဆင့် လက်တွေ့ဘဝကခံစားချက်တွေကို လွှမ်းမိုးရှိလေတော့ မီနာ့ အိပ်မက်စက်ရုပ်လေးကို အသုံးချပြီးသူရင်ဆိုင်နေရတဲ့ ဆိုးဝါးတဲ့အခက်အခဲတွေကို ပြောင်းလဲဖို့ အသုံးချပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားစရာanime ကား​ကောင်း​လေးဖို့ လက်​မလွှတ်​တမ်းကြည့်ဖို့ ညွှန်းဆိုလိုက်​ပါတယ်​​နော်​။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Lwin Aungပဲဖြစ်ပါတယ်......File Size :(873 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:21:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard ...
movie

Dreambuilders(2020)