Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steven Cree
6.4
The Awakening (2011)
Horror ပရိသတ်များအတွက် slow burn လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း--------------------အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစသတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ်ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိတရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ်ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ်ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်းသက်သေလိုက်ပြလေ့ရှိပါတယ်။တစ်နေ့မှာတော့ ...
movie
The Awakening (2011)
6.0
Churchill (2017)
D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ လေစစ်ကြောင်းသုံးခုနဲ့အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယအကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထားရပါတယ်။ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ်ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစားနေခဲ့သူပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါသူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကိုစိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… ...
movie
Churchill (2017)
6.0
Brotherhood (2016)
ဆမ်ဟာ အလွတ်တမ်း အလုပ်တွေကြိုးစားလုပ်ပြီးမိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ သူအလုပ်တွေအများကြီးလုပ်နေတာကြောင့်ကလေးတွေကို အချိန်မပေးနိုင်တဲ့အတွက် မိန်းမနဲ့လည်းကတောက်ကဆလေးတွေခဏခဏဖြစ်လေ့ရှိပါတယ်။တစ်ဖက်မှာလည်း ဆမ်ရဲ့ အမေနဲ့ ညီတစ်ယောက်လည်းရှိပါသေးတယ်။ တစ်နေ့မှာ ဆမ်ရဲ့ညီကို လူတစ်စုကသေနတ်နဲ့ပစ်သွားကြလို သေကံမရောက်ပေမဲ့ဆေးရုံတက်လိုက်ရပါတယ်။ ဒါကိုမသင်္ကာတဲ့ဆမ်တစ်ယောက် လိုက်စုံစမ်းကြည့်တဲ့အခါမှာသူအရင်က ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့လက်ချက်ဖြစ်ပြီး ဆမ်ကိုလက်စားချေချင်လို ဒီလိုတွေလုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။လက်စားချေတာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဆမ်ရဲ့မိသားစုဝင်တွေအထိပါ သတ်ပစ်မယ်လို ခြိမ်းခြောက်လာတဲ့အခါ ဆမ်တစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.40GB / 675MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Thriller , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
Brotherhood (2016)
6.2
Terminator: Dark Fate (2019)
အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie
Terminator: Dark Fate (2019)
7.1
Brave (2012)
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ.....။IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော ...
movie
Brave (2012)
2012
4K HEVC
6.6
John Carter (2012)
WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie
John Carter (2012)
2012
1080p HEVC
The Twin (2022)
The Twin (2022)၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ...
movie
The Twin (2022)
7.0
Maleficent (2014)
Maleficent (2014) IMDb - 7.0/10_____Rotten - 54% Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie
Maleficent (2014)
2014
5.8
Martyrs Lane (2021)
Martyrs Lane (2021)===============IMDb Rating - 6.0/10Horror ပရိတ်သတ်တွေ အကြိုက်တွေ့စေမဲ့ IMDb rating 6.0/10 ရရွိထားတဲ့ Horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေ။အရင်ဆုံး အဓိက ဇာတ်လိုက်ဖြစ်တဲ့ လီယာနဲ့ စပြီး မိတ်ဆက်လိုက်ကြတာပေါ့။ လီယာဟာ အသက် ၁၀ နှစ်အရွယ်ရှိတဲ့ကလေးမလေးပဲဖြစ်ပါတယ်။ လီယာက သူ့မိခင်ရယ် ဖခင်ဖြစ်သူဖာသာသောမတ်ရယ် အစ်မကိုင်လာနဲ့အတူ ဘုရားကျောင်းမှာအတူနေထိုင်ကြပါတယ်။ ဒါပေမယ့် နေ့ဘက်ဆို လူတွေနဲ့ စည်ကားပျော်ရွှင်နေတဲ့ ဘုရားကျောင်းကြီးဟာ ညဘက်ဆိုရင်တော့ခြောက်ခြားစရာကောင်းလောက်အောင် မှောင်မိုက်ပြီး လီယာ့အတွက် အိပ်မက်ဆိုးတွေ ဖြစ်စေခဲ့ပါတယ်။အစ်မဖြစ်သူဆီကလည်း အနိုင်ကျင့်ခံရ မအေဖြစ်သူဆီကလည်း အချစ်မခံရ ဖခင်ဖြစ်တဲ့ ဖာသာဟာလည်း သူ့ရဲ့သာသနာပြုလုပ်ငန်းတွေနဲ့ပဲ အလုပ်များနေတာဆိုတော့ လီယာဟာ မိသားစုမှာ အပယ်ခံလေးဖြစ်လို့နေတာပေါ့။ဒီလိုနဲ့ အထီးကျန်နေတဲ့ လီယာတစ်ယောက် တစ်နေ့မှာ ရွယ်တူကောင်မလေးနဲ့တွေ့ဆုံပြီး ကစားဖော်တွေ ဖြစ်လာခဲ့ပါတယ်။ဒီဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းစေမယ့် လီယာနဲ့ရွယ်တူ ကစားဖော်ကောင်မလေးက ဘယ်သူများလဲ...??သူတို့အတူ ဘာကစားနည်းတွေကို ကစားပြီး ...
movie
Martyrs Lane (2021)
2021
6.2
300: Rise of an Empire (2014)
300: Rise of an Empire (2014) IMDb - 6.2/10_____Rotten - 44% #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။၃၀၀ မှာတုန်းက Sparta ကို Messenger ...
movie
300: Rise of an Empire (2014)
2014
7.2
Outlaw King (2018)
Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
6.8
2036 Origin Unknown (2018)
ဒီတစ်ခါမှာတော့ လောလောလတ်လတ် ဒီထဲကမှ ထွက်ထားတဲ့ Sci-fi ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာမြေပေါ်ကလူတွေဟာ မားစ်ဂြိုလ်ပေါ်ကို ဘာတွေရှိမလဲဆိုပြီးလေ့လာစူးစမ်းဖို့အတွက် အာကာသယာဉ်မှူးများကို စေလွှတ်ခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာနဲ့ အဲဒီအာကာသယာဉ်မှူးပါဝင်ခဲ့တဲ့ယာဉ်ဟာ ပေါက်ကွဲပျက်စီးသွားတာကြောင့် လူသားတို့ရဲ့အကြံအစည်တွေဟာ အထမမမြောက်ခဲ့ပါဘူး။သို့ပေမယ့် လက်မလျှော့သေးတဲ့ လူသားမျိုးနွယ်စုဟာ Mackenzie Wilson ဆိုတဲ့ အာကာသယာဉ်မှူးကို A.R.T.I လို့ခေါ်တဲ့ A.I နဲ့အတူ မားစ်ဂြိုလ်သို့ ထပ်မံစေလွှတ်ပါတယ်။ဒီတစ်ခါမှာတော့ အောင်မြင်စွာရောက်ရှိခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။သို့ပေမယ့် မားစ်ဂြိုလ်မျက်နှာပြင်ပေါ်မှာ သူတို့တွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုဟာ ကမ္ဘာဂြိုလ်ရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်မယ့် ကံကြမ္မာကို သယ်ဆောင်လာခဲ့တဲ့အခါမှာတော့.....။(ဘာသာပြန်သူကတော့ Hein Min Tun ပါ)File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by ...
movie
2036 Origin Unknown (2018)
2018
4.8
The Titan (2018)
The Titan (2018)_____IMDb - 4.8/10 ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့....လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။အဲဒီ Titan ဂြိုဟ်က စင်္ကဝြဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။ ကျန်တဲ့ ၈၀% ...
movie
The Titan (2018)
2018