Channel Myanmar

Steven Chester Prince

The Alamo (2004)
The Alamo (2004) IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip  720p Format…mp4 Duration….02:17:00 Genre... Drama,  History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

The Alamo (2004)

A Scanner Darkly(2006) 7.0
A Scanner Darkly(2006) A Scanner Darkly(2006) အညွှန်း*****************************IMDb  7,,,,, Rotten Tomatoes 68%ဒီရုပ်ရှင်ထဲမှာတော့ အားလုံးသိပြီးသားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Keanu Reeves, Robert Downey Jr. Woody Harrelson နဲ့ မင်းသမီး Winona Ryder တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Richard Linklater ကပုံဖော်ရိုက်ကူးထားတဲ့ Animated Sci-fi/thriller ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းကိုမပြောခင်မှာ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ဆက်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲက Scene တွေကို တစ်ကားလုံးရိုက်ပြီးတော့မှ Interpolated Rotoscope လို့ခေါ်တဲ့နည်းပညာကိုသုံးပြီးမူလရုပ်ရှင်ကို ဖရိန်တစ်ခုချင်းဆီ ခြေရာကောက်ပြီး Animation အဖြစ်ပြောင်းထားတာပဲဖြစ်ပါတယ်။ Animation ဖြစ်တာတော့မှန်ပါတယ်.. ဒါပေမယ့် လူအစစ်တွေသရုပ်ဆောင်ထားတာပါ...ဇာတ်လမ်းအညွှန်းကတော့ ဘောပ့်အာတာ(Keanu Reeves)ဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ အဖွဲ့တစ်ခုကို စုံစမ်းဖို့အတွက် အသွင်ယူထားတဲ့ ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ ဘောပ့်အာတာဟာ သူကိုယ်တိုင် ဆေးစွဲတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ ဘောပ့်အာတာအနေနဲ့ သူ့ရဲ့လျှို့ဝှက်သရုပ်ကို မပေါ်အောင်ကြိုးစားရင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်မှုကို ဘယ်လိုတွေလုပ်ဆောင်မလဲ သူ့ရဲ့အနားမှာရှိတဲ့ ဂျင်ဘယ်ရစ်(Robert Downey Jr.)နဲ့အာနီလက်မန်း (Woody Harrelson)တို့ရဲ့ အရှုပ်တော်ပုံတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာ ...
movie

A Scanner Darkly(2006)