Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Zahn
6.0
Chain of Fools (2000)
Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie
Chain of Fools (2000)
6.0
Wildcat (2023)
American စာရေးဆရာမ မယ်ရီဖလန်နရီ အိုကော်နာရဲ့ပထမဆုံး ဝတ္ထုကိုရေးတုန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပြန်သရုပ်ဖော်ထားတဲ့ biography ရုပ်ရှင်တစ်ခုပါ။မင်းသမီးချော Maya Hawke က ဇာတ်လိုက်အနေနဲ့ပါဝင်ပေးထားပြီး ဖခင်ဖြစ်သူ Ethan Hawke ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အတွေးအခေါ်တွေနဲ့ မပြတ်ဆွဲဆောင်သွားနိုင်တဲ့ဇာတ်ကားဖြစ်လို့သာမန်ဘဝဇာတ်ကြောင်းရုပ်ရှင်တွေလို ပျင်းဖို့ကောင်းမှာမဟုတ်တာတော့ အာမခံနိုင်ပါတယ်။ File size…1.09GB / 486MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre …..Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice
movie
Wildcat (2023)
5.9
Gringa (2023)
Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက ...
movie
Gringa (2023)
LaRoy, Texas (2024)
LaRoy, Texas [2024] (IMDb 6.4/10, RT 100%)ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်... တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်... ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်... ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်... ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်... စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်... သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ...
movie
LaRoy, Texas (2024)
6.6
Joy Ride (2001)
လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre...Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie
Joy Ride (2001)
7.4
War for the Planet of the Apes (2017)
War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94% အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie
War for the Planet of the Apes (2017)
2017
4K HEVC
5.2
Strange Wilderness (2008)
Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie
Strange Wilderness (2008)
.2008
6.8
Sunshine Cleaning (2008)
Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ်ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက်သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာကငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူသင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလိုလာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါမှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ်ပြီး ဒီလို မှုခင်းတွေကို ...
movie
Sunshine Cleaning (2008)
5.6
Knights of Badassdom (2013)
မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။အချစ်တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င်စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘောကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး... တစ်ရက်မှာ ချစ်သူကလမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေလက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာတွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျစစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်းချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ်ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုးကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများစွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ File size…1.73GB / 751MB Quality…Blu-Ray 1080p 5.1CH / ...
movie
Knights of Badassdom (2013)
6.0
Sahara (2005)
Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie
Sahara (2005)
2005
1080p HEVCOpenMatte
That Thing You Do! (1996)
ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That ...
movie
That Thing You Do! (1996)
Captain Fantastic (2016)
ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie
Captain Fantastic (2016)
6.7
Your Place or Mine(2023)
Your Place or Mine(2023)*********************** Reese Witherspoon နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ဒီကားက ကြည့်သင့်ပါတယ်..ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူးဒက်ဘီက ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီသူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော...အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့ File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Your Place or Mine(2023)
7.0
A Perfect Getaway(2006)
A Perfect Getaway(2006)*********************** Cliff နဲ့ Sdyney တို့က လက်ထပ်ခါစ ကြင်စဦးလင်မယားတွေဖြစ်ပြီးဟာဝိုင်အီကို ဟန်နီးမွန်းထွက်လာကြတာပါ..သူတို့ဟန်းနီးမွန်းမှာ တောင်တက်ဖို့ တောလမ်းခရီးလျှောက်ပြီး ကမ်းခြေတွေ သွားဖို့ဟာဝိုင်အီက ကျွန်းတွေအားလုံးဆီလည်ဖို့ စီစဉ်ထားကြတယ်..ဒါပေမဲ့ သူတို့ နောက်ထပ်ကျွန်းအသစ်တစ်ခုကို ရောက်တာနဲ့ပဲလူသတ်မှုတွေဖြစ်နေမှန်းသိရပါတယ်...ဟန်းနီးမွန်းခရီးမှာပျော်ရမဲ့အစားဒုက္ခမျိုးစုံသူတို့ကြုံရပါတော့တယ်...သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့File Size : (2.8 GB)(1.2 GB) and (356MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:38:00 Genre : Thriller, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie
A Perfect Getaway(2006)
5
Night at the Museum: Kahmunrah Rises Again (2022)
Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie
Night at the Museum: Kahmunrah Rises Again (2022)
2022
5.5
Stuart Little 2 (2002)
Stuart Little 2 (2002)=================ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rob Minkoff က ရိုက်ကူးခဲ့တဲ့ family/comedy ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေ ရပေမယ့် Stuartကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့ နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့ Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ Margalo နဲ့ ရန်သူကြီးကရော ဘယ်လို တွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်လွင်စေတဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူး ပြသထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size ...
movie
Stuart Little 2 (2002)
2002
5.9
Stuart Little (1999)
Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie
Stuart Little (1999)
4.6
Tall Girl 2 (2022)
Tall Girl 2 (2022)Tall Girl 2 ပြန်လာပါပြီ ......Tall girl 2 မှာတော့ ဂျိုဒီက သူ့အရပ်ကြောင့် စိတ်ဖိစီးမှုသိပ်မရှိနေတော့ဘဲနဲ့ သူ့ချစ်သူ ဒန့်ခ်နဲ့ အဆင်ပြေနေခဲ့ပါတယ် ။ ဂျိုဒီ အရင်က အဆိုတော်ဖြစ်ချင်ခဲ့တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အသံစစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ပြီးတော့ ခေါင်းဆောင်နေရာကိုရခဲ့ပါတယ်။ဒါပေမဲ့ ဂျိုဒီရဲ့စိတ်က သူလုပ်မှလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ် ကြီးမားလာတာကြောင့် သူ့ စိတ်ထဲက မကောင်းတဲ့အတွေးတွေကို ထုတ်ပြောနေတဲ့အသံက ဂျိုဒီ့ကို စပြီးနှိပ်စက်ပါတော့တယ်။သူနဲ့အတူ သရုပ်ဆောင်မဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ တစ်ချိန်လုံးအတူလေ့ကျင့်နေရတော့ တွမ်မီနဲ့ ဂျိုဒီတို့ကြားမှာ ဘယ်လိုဖြစ်လာမလဲ ၊ ဂျိုဒီနဲ့သူ့ချစ်သူနဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ၊ ဂီတဖျော်ဖြေပွဲကိုရော သူ အောင်အောင်မြင်မြင်ဖျော်ဖြေနိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှူပေးကြပါဦးနော်အညွှန်းကိုတော့ Elrond က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Elrond, Richard Wai, Leonard Lin တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Family Quality….WEB-DL 1080p and 720p File ...
movie
Tall Girl 2 (2022)
2022
6.8
8-Bit Christmas (2021)
ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie
8-Bit Christmas (2021)
6.7
The Good Dinosaur (2015)
The Good Dinosaur (2015)IMDb - 6.7/10_____Rotten - 76% 2015 လောက်က CM မှာ တင်ခဲ့ဖူးတဲ့ The Good Dinosaur ဆိုတဲ့ Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 1080P BluRay Version အဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ် ကြည်တောက်ရှင်းမှ ကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ.... ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင် မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်... ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင် ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ် ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့ အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ် အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ ...
movie
The Good Dinosaur (2015)
2015
1
2
Next