Channel Myanmar

Steve Young

Free Time (2023)
Free Time (2023) ဒရူးဆိုတဲ့လူတစ်ယောက်က အသက် ၃၀ နားကိုကပ်နေပြီဖြစ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ယောက်ပါ။ တစ်ရက်မှာ ဒရူးဟာ သူ့ဘ၀မှာ မခံစားဖူးသေးတဲ့လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ဖို့ရာ နှစ်တစ်နှစ်ရဲ့အလုပ်အများဆုံးအချိန်ကြီးမှာ သူ့ရဲ့ မနက် ၉ ည ၅ ကုမ္ပဏီ၀န်ထမ်းအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒရူးက တီးဝိုင်းတစ်ခုမှာလည်း ကီးဘုတ်တီးပါတယ်။ ကုမ္ပဏီကထွက်ပြီးတဲ့နောက်မှာ ဒရူးဟာ ကုမ္ပဏီ၀န်ထမ်းဘ၀တုန်းကမလုပ်ခဲ့ရတဲ့အရာတွေကို စလုပ်ကြည့်ပါတယ်။ ညဖက် မမူးမချင်း ဘားတစ်ခုပြီးတစ်ခုပြောင်းထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းတာ၊ မနက်ခင်းမှာ မြစ်ကမ်းနားကို စက်ဘီးစီးထွက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတော့ တသက်နဲ့တကိုယ် အလုပ်နဲ့အကိုင်နဲ့ဖြစ်လာခဲ့တဲ့ ဒရူးတစ်ယောက်ဟာ သူအလုပ်ထွက်လိုက်ရတဲ့ရည်ရွယ်ချက်ကို နားလည်ဖို့ရာခက်လာပါတော့တယ်။ဆိုလိုချင်တာက သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပါ။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေက မနက် အလုပ်ကိုယ်စီနဲ့ အလုပ်ခွင်တွေမှာ ဆက်ကျင်လည်ပြီး ပိုက်ဆံရှာနေကြဆဲအချိန်မှာ သူကတော့ အသက် ၃၀ နားကပ်ခါနီးအရွယ်ရောက်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်လာတဲ့အလုပ်ကနေထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာကို သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မှာရှိနေတဲ့လွတ်လပ်မှုကို သူပျော်ပျော်ကြီးဆက်ခံစားနိုင်ပါဦးမလား၊ အများသူငှာလိုပဲ ကြွက်ပြေးလမ်းထဲပြန်၀င်ဖို့ရာကြိုးစားရတော့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 ...
movie

Free Time (2023)

Blood Vessel (2019) 5.4
Blood Vessel (2019)  ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကိုဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာအစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာတာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီးအသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ်လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီးသင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမလေးနဲ့တွေ့ခဲ့ကြပါတယ်။ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်းဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vesselကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်... ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် )  File size…1.21GB / 405MB Quality…WEB-DL  1080p 5.1 CH  / 720p Format…mp4 Duration….1h 33m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Bennie
movie

Blood Vessel (2019)