Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Tom
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
6.8
Rendition (2007)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီးReese Witherspoon တို့ ဆန်ခါတင်စာရင်း nominationတွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပါတယ်။ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာအသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာမြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေအေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာအခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင်အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ်အပြစ်ရှိတဲ့သူတစ်ယောက်လား။စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရောမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား....။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Rendition (2007)
6.1
The Campaign (2012)
Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie
The Campaign (2012)
6.9
Trouble Is My Business (2018)
ရောက်လာတဲ့ကိစ္စက သူ့အဖေပျောက်သွားလို့ လိုက်ရှာပေးဖို့အကူအညီလာတောင်းတာပါတဲ့….ဖြစ်ချင်တော့ စုံထောက်နဲ ့ မိန်းမပျိုဟာရည်ငံသွားကြပြီး အဲ့ဒီညမှာတင် စုံထောက်တိုက်ခန်းကိုလိုက်အိပ်ပါသတဲ့….မနက်နိုးတော့ မိန်းကလေးဟာ ပျောက်ဆုံးနေခဲ့ပြီး သူနဲ့အတူအိပ်ခဲ့တဲ့ အိပ်ရာပေါ်မှာ သွေးကွက်ကြီးတစ်ခုသာ ကျန်ခဲ့တာကို စုံထောက်ကထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်…အဲ့ဒီမနက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုရပြီး ရုံးကိုပြန်အသွား ရွှေအိုရောင်ဆံပင်နဲ့မိန်းကလေးတစ်ယောက် ထပ်ရောက်လာခဲ့ပါတယ်…သူကတော့ ကတ်သရင်းရဲ့ညီမ ဂျနီဖာပါတဲ့…သူကလည်းမနက်လင်းလင်းချင်း သူ့ဆီကို ကတ်သရင်းနဲ့စုံထောက်အတူရှိနေခဲ့ကြတဲ့ပုံတွေကို စာအိတ်တစ်အိတ်နဲ့ရောက်လာပြီး သူ့အဖေပြီး သူ့ညီမပါထပ်ပျောက််သွားတဲ့အတွက် သူ့ဆီလာရောက်စုံစမ်းခြင်းပါ..ဒီလိုနဲ့ ထူးဆန်းစွာပျောက်ဆုံးမှုတွေကို ရှာဖွေရင်း ရှုပ်ထွေးတဲ့ပြဿနာတွေထဲ ဝင်ရောက်မိသွားတဲ့ ရာဇဝတ်စုံထောက်ကားကို ၁၉၄၀ ပတ်ဝန်းကျင် ကပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ၂၀၁၈ ထွက် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…စုံထောက်ကားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပြီး ဇာတ်လမ်းအဆုံးမှာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် ကားတစ်ကားပဲဖြစ်လို့ ကြည့်ရှုခံစားကြဖို့ ဖိတ်ခေါ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size : (850 MB) and (333 MB)Quality : WEB-DL 720p Running Time : ...
movie
Trouble Is My Business (2018)
2018