Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve McCall
6.6
These Final Hours (2013)
ခင်ဗျားတို့မှာသာ အသက်ရှင်သန်ဖို့အတွက် အချိန်၁၂နာရီသာကျန်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲကိုယ်ချစ်ခင်ရသူတွေ အနားမှာပဲ နေမှာလားဒါမှမဟုတ် ဘဝကိုစိတ်ရှိလက်ရှိပျော်ပျော်ကြီးလုပ်ချင်ရာတွေလုပ်ပြီး ဖြတ်သန်းပစ်လိုက်မလားဒီဇာတ်ကားက ကမ္ဘာပျက်ခါနီး အချိန်၁၂နာရီအလိုမှာလူတွေရဲ့ သဘာဝကို ဒါရိုက်တာ Zak Hilditchရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက ဆန်ခါတင်စာရင်းများစွာ မှာပါဝင်ခဲ့ပြီးလူငယ်အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံးဒါရိုက်တာဆု စတဲ့ဆုများစွာကို ဆွတ်ခူးရရှိထားပါတယ်ဒီ These Final Hours ဆိုတဲ့ မင်းသား Nathan Phillips ,မင်းသမီးလေး Jessica De Gouwတို့ပါဝင်သရုပ်ဆောင်ထားပြီး rating 6.6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..ဒီဇာတ်လမ်းအစမှာ ဂျင်မီတစ်ယောက် ကမ္ဘာပျက်ခါနီး အချိန်မှာကိုယ်ဝန်ရှိနေတဲ့ ရည်းစားကိုထားခဲ့ပြီး ရည်းစားအသစ်နဲ့ပျော်ပါးဖို့ အဆုံးသတ်ပါတီပွဲကျင်းပရာဆီကို ထွက်လာရာလမ်းမှာမမျှော်လင့်ဘဲ ရို့စ်ဆိုတဲ့ ဖခင်နဲ့ကွဲသွားပြီး ခိုကိုးရာမဲ့နေတဲ့ဆယ်နစ်သမီးအရွယ် ကလေးမလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ဒီလိုနဲ့ ပါတီပွဲကိုသွားမယ့် ဂျိမ်းစ်တစ်ယောက်ကလေးမလေးကို ဖခင်နဲ့ပြန်လည်တွေ့ဆုံပေးဖိူကြိုးစားရာမှာဘာတွေဆက်ဖြစ်လာမလဲ..ဘယ်လိုတွေ့ကြုံရမလဲ ကလေးမလေးကရာ သူမရဲ့ဖခင်နဲ့ပြန်လည်စုံစည်းနိုင်ပါ့မလားတဖြည်းဖြည်းကမ္ဘာပျက်ဖို့ အချိန်တွေနီးကပ်လာတာနဲ့အမျှဂျိမ်းစ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲပါတီပွဲကိုသွားပြီး ရည်းစားအသစ်နဲ့ပျော်ပါးမလား ဒါမှမဟုတ်ကိုယ်ဝန်သည်ကောင်မလေးဆီကိုပဲ ပြန်ပြေးမလား ဆိုတာကြည့်ရှသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားကိုအပြီးထိသေချာလေးကြည့်ပြီးသွားရင်တော့ခင်ဗျားတို့ရဲ့ရင်ထဲမှာ တစ်ခုခုကိုဆို့နှစ်ပြီး ကျန်ခဲ့မှာအသေချာပါပဲဇာတ်ညွှန်းရေးဆရာကိုပဲအပြစ်တင်ရမလား ...
movie
These Final Hours (2013)