Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Lund
Who’s Yer Father? (2023)
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ IMDB 5.9/10 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လယ်ရီက Prince Edward Island ကျွန်းရဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက စုံစမ်းရေးမှူးပါ။ ကျွန်းတစ်ကျွန်းလုံးမှာ သူတစ်ယောက်ပဲရှိတာဆိုတော့လည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး အမြဲကြွားဝါလေ့ရှိပါတယ်။ဒါပေမဲ့ တကယ်တမ်း သူ လိုက်စုံစမ်းပေးရတဲ့အမှုတွေကတော့ ဘိုးဘွားပိုင် အိုးခွက်ပန်းကန်တွေ ပျောက်ဆုံးမှုလောက်ပါပဲ။ ဒီလိုနဲ့ သာယာနေတဲ့သူ့ဘဝထဲကို ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတာကို ယူဆောင်ပေးဖို့ ရောက်လာခဲ့သူကတော့ လုခ်ပါ။ ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ လူချမ်းသာ လုခ်က သူ့ကို အမှုတစ်ခု လာအပ်ပြီး အဆင်ပြေရင် ဘောနပ်စ်တွေပါ ပေးမယ်ဆိုတာမို့ လယ်ရီတစ်ယောက် အချီကြီးပွမယ့်အမှုကို အားတက်သရောလိုက်ခဲ့ပါတော့တယ်။သူစုံစမ်းရမယ့် အမှုကတော့ ဂလန်းဆိုတဲ့ တံငါသည်က ပုစွန်တုပ်တွေကို လုခ်ဆီမရောင်းဘဲ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတာမို့ နောက်ကွယ်က ဝယ်သူကို ရှာပေးရမှာပဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ စုံစမ်းရင်း ရွန်ဒါဆိုတဲ့ ...
movie
Who’s Yer Father? (2023)
6.4
Single All the Way (2021)
ရိုမန်တစ်ခရစ္စမတ်ရာသီဆိုတော့ ဒီတစ်ခါလည်း ရိုမန်တစ် ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရိုမန်တစ်ဇာတ်လမ်းလေးကတော့ ဂေးနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပီတာက သူ့ဇာတိ နယူးဟမ့်ရှိုင်းယားနယ်လေးကနေ အယ်လ်အေမှာ အခြေချခဲ့တာ ကိုးနှစ်ကြာခဲ့ပါပြီအယ်လ်အေမြို့ကြီးမှာတော့ အရမ်းချော အရမ်းခန့် အရမ်းသန့်တဲ့ ကောင်လေးတွေကို ဘူဖေးလိုပဲ ရိုက်သတ်လို့မကုန်နိုင်အောင် အများကြီးတွေ့ခဲ့ရပါတယ်တဲ့ဒါပေမယ့် ပီတာတစ်ယောက်ကတော့ အချစ်ကံခေသူပဲ ဆိုရမလား တွဲသမျှလူတိုင်းနဲ့ လပိုင်းလောက်ပဲခံပြီး ပြတ်သွားကြတာချည်းပါပဲမိသားစုကလည်း ခရစ္စမတ် အိမ်ပြန်လာတိုင်း ဆင်ဂယ်ဖြစ်နေတဲ့သူ့ကို မြန်မြန် လက်တွဲဖော်ရှာဖို့ အမြဲတဖွဖွနဲ့ပေါ့နော်အဲဒီလို နားပူနားဆာလုပ်တာတွေ မခံနိုင်တော့တဲ့ ပီတာတစ်ယောက် ဒီနှစ်ခရစ္စမတ် အိမ်ပြန်တဲ့အခါမှာတော့ သူ့အခင်ဆုံးသူငယ်ချင်းနစ်ခ်ကို ရည်းစားဟန်ဆောင်ခိုင်းမယ်ဆိုတဲ့ အကြံအစည်ကြီးနဲ့ နှစ်ယောက်သား နယူးဟမ့်ရှိုင်းယားဇာတိမြို့လေးကို ထွက်လာခဲ့ကြလေရဲ့ပီတာတစ်ယောက် ဇာတ်လမ်းနာမည်အတိုင်း single all the way ပဲ ဆက်သွားမလားဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p ...
movie
Single All the Way (2021)