Channel Myanmar

Steve Eastin

Shallow Ground (2004)
Shallow Ground (2004) ဒီတစ်ခါမှာတော့ Shallow Ground ဆိုတဲ့Horror ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့...... တောအုပ်ထဲမှာတည်ရှိတဲ့ရဲစခန်းတစ်ခုကိုပိတ်သိမ်းပစ်တော့မှာဖြစ်လို့ အဲ့ဒီစခန်းမှာတာဝန်ထမ်းဆောင်တဲ့ရဲအရာရှိတွေကလည်း အဲ့မြို့လေးကနေထွက်သွားကြတော့မှာပါ ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေတဲ့နေ့မှာ စခန်းမှာ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ စတူးဝါ့ထ်နဲ့လော်ရာတို့နှစ်ယောက်တည်းရှိနေစဥ် လူငယ်ကောင်လေးတစ်ယောက်က အဝတ်အစားမပါဘဲ တစ်ကိုယ်လုံးသွေးတွေပေကျံပြီး စခန်းကိုရောက်လာပါတယ် လက်ထဲမှာလည်းဓားတစ်ချောင်းကိုကိုင်ထားတာကြောင့် စတူးဝါ့ထ်နဲ့လော်ရာတို့လည်း ကောင်လေးကိုဖမ်းထားပြီး ရဲမှူးဂျက်ကိုသွားခေါ်ရပါတယ်အဲ့ဒီကောင်လေးရဲ့သရုပ်မှန်ကဘာဖြစ်မလဲ............ အဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းရင်းနဲ့ အဲ့နယ်မြေတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့လူပျောက်အမှုတွေနဲ့ ဆက်စပ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပိုင်းမှာ ပိုပြီးပဟေဠိဆန်လာပြီး လူပျောက်မှုတွေကိုနောက်ကွယ်ကကြိုးကိုင်နေတာဘယ်သူလဲဆိုတာကို ရဲမှူးဂျက်တစ်ယောက် အဖြေရှာတွေ့သွားမလား........ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Shallow Ground (2004)

Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
When a Stranger Calls(2006) 5.7
When a Stranger Calls(2006) "Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie

When a Stranger Calls(2006)

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
A Man Apart (2003) 6.1
A Man Apart (2003) A Man Apart (2003)2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ ...
movie

A Man Apart (2003)

2003
Matchstick Men(2013) 7.3
Matchstick Men(2013) Matchstick Men(2013) အညွှန်း***************************IMDb...7.3ဒါကတော့ မင်းသားကြီး Nicolas Cage အကြွေးနွံထဲနစ်ပြီး ပေါချာချာကားတွေရိုက်တဲ့ကာလမတိုင်ခင်ကရိုက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုင်း (Nicolas Cage)နဲ့ ဖရန့်(Sam Rockwell) တို့နှစ်ဦးက ရိုက်စားလောကမှာ အကွက်သေးသေးလေးတွေကနေ အချီကြီးတွေအထိဂွင်ဖန်ရင်း ကျင်လည်နေကြတဲ့လူလိမ်ဝိဇ္ဇာတွေပါ။ ရိုင်းကဉာဏ်ပြေးပေမယ့်အသန့်ကြိုက်လွန်တာတွေ၊ ပစ္စည်းတွေအစီစဉ်တကျဖြစ်မှကြိုက်တာတွေ၊အပြင်ထွက်ရတာမနှစ်သက်တာတွေစတဲ့ OCDတွေ Phobiaတွေရှိနေတဲ့သူပေါ့။ဒီလို တမူထူးတဲ့ အရည်အချင်းတွေကြောင့်ပဲလားမသိ... မိန်းမနဲ့လည်းကွဲခဲ့သလိုဒီလောကထဲမှာပဲ ဆက်ကျင်လည်နေခဲ့တယ်...တစ်နေ့တော့ ‌မမျှော်လင့်ဘဲနဲ့ သူ့ဘဝထဲကိုဆယ်ကျော်သက်အရွယ်သမီးလေးရောက်ရှိလာတဲ့အခါသူ့ဘဝနဲ့အလုပ်ပေါ် ဘယ်လိုရိုက်ခတ်ရှုပ်‌ထွေးမှုတွေကြုံလာရမလဲဆိုတာကိုတော့.....    File Size : (2.2GB)(0.9GB) and (359 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae    
movie

Matchstick Men(2013)

Austin Powers: The Spy Who Shagged Me (1999) 6.6
Austin Powers: The Spy Who Shagged Me (1999) James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie

Austin Powers: The Spy Who Shagged Me (1999)

1999
HEVC 1080p 5.1
A Nightmare on Elm Street Part 2: Freddy’s Revenge (1985) 5.5
A Nightmare on Elm Street Part 2: Freddy’s Revenge (1985) A Nightmare on Elm Street Part 2: Freddy's Revenge (1985)=========================Rotten Tomatoes… 41%IMDb… 5.5CM ပရိတ်သတ်တွေ holloween ကာလမှာ ကြည့်ဖို့ 1984 ခုနှစ်ကထွက်ခဲ့တဲ့A Nightmare on Elm Street ရဲ့  အဆက်ကားလေးကို တင်ပေးလိုက်ပါတယ်ပထမကားမှာ Freddy တစ်ယောက် Nancy ရဲ့ ထင်မထားတဲ့တိုက်ကွက်ကြောင့် ပြင်ပကမ္ဘာထဲကို ရောက်ရှိလာပါတယ်အဲဒီနောက်မှာ Nancy ရဲ့ ထောင်ချောက်တွေကြားထဲမှာ အခက်အခဲတွေကြုံရပြီး သူလိုချင်တဲ့ Nancy ကိုရမသွားပါဘူးသူ့ကိုသတ်ခဲ့တဲ့ Nancy ရဲ့အမေကိုပဲ ခေါ်သွားနိုင်ခဲ့ပါတယ်အဲဒီအဖြစ်တွေအပြီး ငါးနှစ်အကြာမှာ အဲဒီအိမ်ကို ပြောင်းလာတဲ့ Jesse ဆိုတဲ့ကောင်လေးကိုအသုံးချပြီး Freddy ဟာ သူ့ရဲ့ညတွေကို အသက်သွင်းဖို့ ပြန်ကြိုးစားပါတော့တယ်Elm လမ်းပေါ်မှာ Freddy တစ်ယောက် ဘယ်လို လက်သည်းစွမ်းပြမလဲJesse ကိုရော သူ့ရဲ့ကောင်မလေး ...
movie

A Nightmare on Elm Street Part 2: Freddy’s Revenge (1985)

1985
Con Air(1997) 6.9
Con Air(1997) Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်‌လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie

Con Air(1997)

1997
[+18] Sliver(1993) 5.0
[+18] Sliver(1993) [+18] Sliver (1993) Dark Side Production မှတင်ဆက်သည်..... IMDb Rating.... 5.0/10  ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်...ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ  ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့်  မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်းအချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်...ဇာတ်လမ်းလည်းကောင်းရမည်...မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်....ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်..... Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ...
movie

[+18] Sliver(1993)

1993
Warning Shot 2018 5.0
Warning Shot 2018   အော်ဒရီ ဟာ ရှိုင်းနီး ဆိုတဲ့  သမီးလေးကို  ယောကျင်္ားမရှိပဲ တစ်ယောက်ထဲရှာဖွေကျွေးမွေးနေရတဲ့ Single Mom တစ်ယောက်ဖြစ်ပြီး အကြွေးပင်လယ်ဝေနေသူပေါ့တစ်ရက်မှာတော့ သူမ ဖခင် သေဆုံးခဲ့ကြောင်းသိရပြီး အသုဘကိစ္စ များ စီစဉ်ပြီးရာရှေ့နေမှ သူမ ဖခင်မှာ ခြံအကျယ်ကြီးနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ကြောင်း တစ်ပတ်နေရင်အမွေပိုင်ဆိုင်ခွင့် ရရှိကြောင်း ကြေငြာပေးမည် ဖြစ်၍ လောလောဆယ် ထိုအိမ်တွင်နေဖို့ သော့ပေးလိုက်ပါတယ်...အကြွေးများကြောင့် ငှားနေတဲ့အိမ် လက်လွှတ်လိုက်ရတဲ့ အော်ဒရီ တို့ သားအမိဟာနောက်ဆုံး ကောက်ရိုးမျှင်လေးဖြစ်တဲ့ ဖခင် အမွေချန်ထားခဲ့သော မြို့အစွန်က အိမ်လေးဆီသို့သွားရောက်ခဲ့ပါတော့တယ်...သူမ တို့ မသိသေးတဲ့အချက်ကတော့ ထိုမြေနေရာမှ အရာတစ်ခုကိုစီးပွားရေး ပြိုင်ဘက်တစ်ဦးမှ မတော်လောဘ နှင့် လိုချင်နေ၍သူမတို့ သားအမိ နှစ်ဦးသာ ရှိတဲ့ အိမ်ဆီသို့ မဖိိတ်ခေါ်ထားသောဧည့်သည်များ ရောက်ရှိလာသော အခါ....ဇတ်လမ်းသည် အပြောအဆိုများ ညစ်ညမ်းသဖြင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါထိတ်လန့်သည်းဖို ဇတ်လမ်းဖြစ်သောကြောင့် ထိုင်ရာက မထစတမ်း သင့်ကိုဇတ်လမ်းအစကနေ အဆုံးထိ စွဲဆောင်သွားပါလိမ့်မယ်...ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့Thein Tun Soe ဖြစ်ပြီး Thit San Khant ...
movie

Warning Shot 2018

2018
Up in the Air (2009) 7.4
Up in the Air (2009) ဘ၀ဆိုတာ ခရီးရှည်တစ်ခု... ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ... လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။IMDB 7.4 | RT 91% | Roger Ebert 4/4ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ " ခင်ဗျား အလုပ်ပြုတ်ပြီ " ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ ...
movie

Up in the Air (2009)

2009