Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Earle
5.5
The World Made Straight (2015)
The World Made Straight (2015)=====================ဒီ "The World Made Straight" ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ...
movie
The World Made Straight (2015)