Channel Myanmar

Stephen McDade

Assassin’s Creed (2016) 5.7
Assassin’s Creed (2016) Assassin's Creed (2016)ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin's Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ...
movie

Assassin’s Creed (2016)

2016
4K HEVC
Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie

Fantastic Beasts: The Crimes of Grindelwald (2018)

2018
Paddington 2 (2017) 8.2
Paddington 2 (2017) ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
movie

Paddington 2 (2017)

2017