Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Kunken
7.5
Still Alice (2014)
အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie
Still Alice (2014)
8.2
The Wolf of Wall Street (2013)
The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie
The Wolf of Wall Street (2013)
2013
4K HEVCHDR
6.6
Jason Bourne (2016)
Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie
Jason Bourne (2016)
4K HEVC
7.0
Hillbilly Elegy(2020)
Hillbilly Elegy(2020)အညွှန်း*************************IMDb...7.0"လူတစ်ယောက်က သူဘယ်လိုဘ၀မျိုးမှာ မွေးဖွားလာသလဲဆိုတာကို ပြောင်းလဲလို့မရပေမဲ့ ….. ဘယ်လိုဘ၀မျိုးနဲ့ ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ရှိတယ်" လို့ J.D ကို သူ့ရဲ့အဘွားက ငယ်ငယ်လေးထဲက ဆုံးမလေ့ရှိပါတယ်.... ဒီဇာတ်ကားထဲမှာ J.D ရဲ့ အဘိုးအဘွားတွေက ခေတ်ပညာတွေတတ်ဖို့ဝေးစွ...ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့တောင် ကင်ပွန်းတပ်လို့မရတဲ့ တောင်ပေါ်ကျေးလက်ဒေသကနေ....မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်.... မိမိကိုယ်တိုင်က စရိုက်ကြမ်းလွန်းတဲ့ အဖေဖြစ်သူနဲ့ နေခဲ့ရတဲ့အတွက်... J.D ရဲ့အမေဖြစ်သူ ဘက်ဗ် ဟာ J.D တို့မောင်နှမအပေါ်မှာ ပြုစုပျိုးထောင်ပုံတွေ စနစ်မကျခဲ့ပါဘူး... ငယ်ရွယ်ချောမောတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဘက်ဗ် ဟာ...သူ့သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့...ယောက်ျားတွေနဲ့ ထည်လဲတွဲပါတယ်.... တစ်ဖက်မှာတော့ J.D အနေနဲ့ သူ့အမေရဲ့ ဒေါသကြီးတဲ့စရိုက်တွေ....ယောက်ျားတွေနဲ့ ရှုပ်တာတွေကို စိတ်ပျက်လာပြီး ဆယ်ကျော်သက်တို့ထုံးစံအတိုင်း....အပေါင်းအသင်းတွေမှားပြီး ပျက်စီးဖို့လမ်းစပြုလာတဲ့အခါ.....အဘွားဖြစ်သူဟာသူ့မြေးကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပါတော့တယ်.... ဒီဇာတ်ကားဟာ အပြင်မှာအမှန်တကယ်ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ အိမ်တွင်းရေးပဋိပက္ခတွေအကြောင်းကို ဒါရိုက်တာ Ron Howard က ပြန်လည်ရိုက်ကူး ...
movie
Hillbilly Elegy(2020)
6.1
Otherhood (2019)
Otherhood ဆိုတဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ မိခင်မေတ္တာကို ဖော်ကြူးထားတဲ့ ဟာသဇာတ်ကားလေးပါ။ ကယ်ရို ဂျယ်လီယန် နဲ့ ဟယ်လန် တို့သုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့မှာ သားတစ်ယောက်စီ ရှိပြီးတော့ အဲ့ဒီသားသုံးယောက်ကလဲ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီသားသုံးယောက်ဟာ အရွယ်ရောက်လာတဲ့အခါ နယူးယောက်မြို့ကို ပြောင်းသွားပြီး သူတို့အမေတွေကို အဆက်အသွယ်သိပ်မလုပ်ကြတော့သောအခါ အမေသုံးယောက်ပေါင်းပြီး သားတွေနဲ့ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစပါတော့တယ်။ ဒီဇာတ်ကားလေးက သင့်နှလုံးသားကို နွေးထွေးအောင် လုပ်ပေး နိုင်တဲ့ ကားကောင်းလေးဖြစ်လို့ ကြည့်ကြည့်ဖို့နဲ့ အမေတွေကို ပြကြည့်ဖို့ တိုက်တွန်းပါရစေ။ ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးထားပါတယ်
movie
Otherhood (2019)
2019