Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Huszar
6.0
Everything Puppies (2024)
ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppiesရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိသဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင်ဖန်တီးလေ့ရှိပါတယ်။တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်းတာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေကလက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက်အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့်အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကိုချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစလုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုကလိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်းအထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Everything Puppies (2024)
6.6
Navigating Christmas (2023)
Navigating Christmas (2023)ခရစ္စမတ်လည်းနီးလာတာနဲ့အမျှ နှင်းတွေနဲ့အတူ တဖွဲဖွဲထွက်ရှိလာတဲ့ Holiday Movie တွေထဲကမှ ဇာတ်အိမ်လေးလည်းကောင်း ကြည်နူးစရာလည်းကောင်းတဲ့ မိသားစုဒရာမာကားကောင်းလေး Navigating Christmas ကို ညွှန်းလိုက်ပါတယ်ခင်ဗျာ။~ ဇာတ်လမ်းအညွှန်း ~မိဘနှစ်ဦး ကွာရှင်းထားလို့ စိတ်ညစ်နေတဲ့ ဂျေဆန်ဆိုတဲ့ သားလူပျိုလေးအတွက် ခရစ္စမတ်အားလပ်ရက်မှာ အချိန်ပေးပျော်ရွှင်အောင်လုပ်ပေးဖို့ စီစဥ်နေတဲ့ မယ်လန်နီတစ်ယောက် အပန်းဖြေခရီးနေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာကနေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖို့ပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းကနေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်ယောက် မယ်လန်နီနဲ့တွေ့ဆုံပြီး သူတို့နှစ်ဦးကြား အချစ်ပန်းတွေပေါက်ဖွားလာတာတွေ...ကျွန်းရဲ့ ခရစ္စမတ်ဓလေ့တွေ ကျွန်းပေါ်က လူတွေအတွက် ခရစ္စမတ်နေ့ဟာ အရေးပါပုံတွေကို ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်ပုံစံလေးနဲ့ ရိုက်ပြထားတာကြောင့် တကယ်ကိုကြည့်လို့ကောင်းတဲ့ ခရစ္စမတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 665MB Quality - 1080p, ...
movie
Navigating Christmas (2023)
2023
5.5
A Royal Christmas Crush (2023)
ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေးတစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာအတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကိုရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
A Royal Christmas Crush (2023)
The Jane Mysteries: Inheritance Lost (2023)
ဂျိန်းဒါဆေးလ်ဗားဟာ ဥရောပတစ်ခွင်မှာ နယ်လှည့်ဖျော်ဖြေနေတဲ့ ပြဇာတ်အဆိုတော်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစ်သူ ဟာရိုးဆီကနေ အကျိုးအမြတ်မယူတဲ့စုံထောက်အေဂျင်စီတစ်ခုကို အမွေရရှိခဲ့ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူက ဒီအေဂျင်စီကို သူမကိုဆက်လက်ဦးစီးစေချင်ပြီး လူတွေကို ကူညီစေချင်ပေမယ့် သူမဟာ သူမရဲ့ ပြဇာတ်အဆိုတော်ဘဝကို ခုံမင်တဲ့အတွက် လက်ခံဦးစီးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုနဲ့ ဦးလေးအိမ်ကို ခဏတာပြန်လာတဲ့အချိန်မှာ လီယာဆိုတဲ့ ငယ်စဉ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို သိချင်တဲ့အတွက် လာပြီးတော့ အကူအညီတောင်းပါတော့မယ်။ သူမအနေနဲ့ ငြင်းချင်ပေမယ့် ဂျိန်းကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီယာ့ကို ကိုယ်ချင်းစာပြီး ဥရောပကို မပြန်ခင် ဒီအမှုတစ်ခုကို လက်ခံဖြေရှင်းပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေက သတ်သေမှုလို့ ခေါင်းစဉ်တပ်ပြီး လွယ်လွယ်ပိတ်သိမ်းလိုက်တဲ့အမှုကို သူစပြီးစုံစမ်းပါတော့တယ်။ ဒီတော့ လီယာ့ရဲ့အမေက တစ်ကယ်ပဲသတ်သေခဲ့တာလား၊ လီယာရဲ့အမေရရမယ့် အမွေဒေါ်လာနှစ်သိန်းခွဲကလည်း ...
movie
The Jane Mysteries: Inheritance Lost (2023)