Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Farrelly
Buddy Games (2019)
Buddy Games (2019)အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - ...
movie
Buddy Games (2019)
2019
7.5
Fighting with My Family(2019)
Fighting with My Family(2019) IMDb....7.5,,,,,Rotten....92% ပေ့ဂ်ျ ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့ သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမ၀င်ချင်ဘဲ ၀င်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား ပေ့ဂ်ျ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ...
movie
2019
6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37% Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie
Teenage Mutant Ninja Turtles: Out of the Shadows (2016)
2016