Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Dimopoulos
The Final Cut (2004)
လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie
The Final Cut (2004)
7.1
The Accused (1988)
The Accused (1988)~ IMDb - 7.1/10, RT - 93%, Meta - 65% ~"လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်"ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ ...
movie
The Accused (1988)
1988
7.0
Two for the Money(2005)
Two for the Money(2005)*********************** Matthew McConaughey နဲ့ ဂုရုကြီး Al Pacino ပါဝင်ထားတဲ့ကားဆိုတော့ထွေထူးတော့ညွှန်းဖို့သိပ်လိုမယ်မထင်ပါဘူး... အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့်ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ လောင်းကစားဘက်မှာတော့သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီးအကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်ကလောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့ လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...File Size : (2.9GB) and (800MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Crime, Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Two for the Money(2005)
7.7
Rambo-First Blood (1982)
[Unicode]Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီး M60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။ အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။ အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။ ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Rambo ဟာ အိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီး သူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါ သေဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။ လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး အဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး မရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါ ရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။ သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့် ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။[Zawgyi]Rambo ဆုိတာနဲ႔ ေခါင္းမွာ အဝတ္စည္းျပီး M60 ၾကီးကုိင္ထားတဲ့ Stallone ပုံကုိေျပးျမင္ၾကမွာေသခ်ာပါတယ္။ အဲဒါေၾကာင့္ဒီကားနဲ႔အထူးမိတ္ဆက္ေပးစရာမလုိေတာ့ဘူးထင္ပါတယ္။ IMDB Rating 7.7 ရရွိထားတဲ့ဇာတ္ကားေလးပါ။ အက္ရွင္ကားပရိတ္သတ္ေတြအတြက္ အေတာ္အၾကိဳက္ေတြ႕ၾကမွာေသခ်ာပါတယ္။ ၾကည့္ျပီးသူေတြမ်ားမယ္ဆုိေပမယ့္ မၾကည့္ရေသးတဲ့သူေတြအတြက္ ဇာတ္လမ္းအက်ဥ္းေလးေျပာပါဦးမယ္။ဗီယက္နမ္စစ္ျပန္တစ္ေယာက္ျဖစ္တဲ့ John.J. Rambo ဟာ အိမ္ေျခရာမဲ့ေလွ်ာက္သြားေနသူတစ္ေယာက္ျဖစ္ေနျပီး သူ႕ရဲ႕တစ္ဦးတည္းေသာစစ္ျပန္သူငယ္ခ်င္းဆီ သြားတဲ့အခါ ေသဆုံးသြားေၾကာင္းကုိၾကားလုိက္ရပါတယ္။ ေလလြင့္ေနရင္း နယ္ျမိဳ႕ေလးတစ္ျမိဳ႕ကုိေရာက္သြားျပီး အဲဒီျမိဳ႕က ေဒသခံရဲမႈး နဲ႔ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အာဏာအလြဲသုံးစားလုပ္ျပီး မရွိတဲ့အမႈကုိရွာၾကံျပီး တရားစြဲဖုိ႔ၾကိဳးစားေနျပီး အႏိုင့္အထက္လုပ္တာကုိခံရတဲ့အခါ ရဲစခန္းက ထြက္ေျပးခဲ့ပါတယ္။ သူ႕အသက္ကုိသတ္ဖုိ႔ၾကိဳးစားလာတဲ့အထိျဖစ္လာတာေၾကာင့္ ျပန္လည္တုံ႔ျပန္ခဲ့ပုံကုိေတာ့ ဇာတ္ကားမွာၾကည့္ပါဗ်ာ။File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:33:22 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
Rambo-First Blood (1982)
1982