Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Chang
6.1
San Andreas (2015)
Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size… 7GB / 1.5 GB / 813 MB Quality… BluRay 4k ...
movie
San Andreas (2015)
4K HEVC
5.5
Wake of Death (2004)
Wake of Death (2004)2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် ကလပ်လောကကနေ အနားယူတော့မယ်လို့ ဘန်အာချာတစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြီးနောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်ယောက် ကင်မ်ဆိုတဲ့ တရားမဝင်ရွေ့ပြောင်းနေထိုင်သူကလေးကို ကူညီပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှုနောက်ကွယ်က တရုတ်ဂိုဏ်းနောက် ဘန်တစ်ယောက်လိုက်လံချေမှုန်းရာကနေ ဘယ်လိုဆုံးရှုံးမှုတွေ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရမလဲ... ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded ...
movie
Wake of Death (2004)
2004
5.3
Universal Soldier: Regeneration (2009)
ဒီရုပ်ရှင်ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi အမျိုးအစားဖြစ်ပါတယ်။ အရင်ဇာတ်ကားတွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ရန်သူတော် Andrew နေရာမှာ ၁၉၉၂ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက ၁၉၉၂ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier : The Return လိုပဲ ၁၉၉၂ ရုပ်ရှင်ရဲ့နောက်ဆက်တွဲ sequel ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ရုပ်ရှင်နဲ့ မတူညီတဲ့ Alternative story ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်ပေးဆွဲပြီး ချာနိုဘိုင်းမြို့ပျက်ကြီးက နျူကလီးယားစက်ရုံဟောင်းမှာ ထိန်းသိမ်းထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့တောင်းဆိုတာမလိုက်လျောရင် အဏုမြူဓာတ်ပေါင်းဖိုကို ဖောက်ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့ဘက်မှာ NGU လို့ခေါ်တဲ့ မျိုးဆက်သစ် ...
movie
Universal Soldier: Regeneration (2009)
7.2
Stargate: The Ark of Truth (2008)
ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇ကနေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်က အတော်လေးကျယ်ပြန့်သလို IMDb 7.2နဲ့RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။SG-1ဆိုတာ ကမ္ဘာမြေရဲ့ အာကာသရန် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးသူတို့ရဲ့ အဓိကရန်သူတွေကတော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်နဲ့ တခြားဂြိုဟ်တွေကိုSupergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ဇာတ်လမ်းအစမှာတော့ SG-1အဖွဲ့တွေဟာ အာ့ခ်လို့ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရှာပုံတော် ဖွင့်နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်တွေရဲ့အစွမ်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ဒါကြောင့်လည်း အော်ရိုင်တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့နောက်လိုက်တိုမင် ခေါင်းဆောင်တဲ့ စစ်တပ်ကိုစေလွှတ်ရင်း နှစ်ဖွဲ့ထိပ်တိုက်တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , ...
movie
Stargate: The Ark of Truth (2008)
6.6
Elysium (2013)
IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie
Elysium (2013)
4K HEVC