Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Borrello IV
6.5
Cinnamon (2023)
ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre... ...
movie
Cinnamon (2023)
6.5
At Middleton (2013)
လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးသူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကိုသူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီးမစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူကျောင်းကိုလာလေ့လာသူပါ။ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီးခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကိုအရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီးဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်းနေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကိုရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.5 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ...
movie
At Middleton (2013)
7.6
Superbad (2007)
Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လိုနေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie
Superbad (2007)
HEVC 1080p 5.1