Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephanie Wong
6.5
City Hunter (2024)
၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော်Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာYuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာCity Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီးစူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူမာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာကဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့်လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင်စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 ...
movie
City Hunter (2024)
5.4
Follow Me (2020)
Follow Me (2020)အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တစ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား... ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 850MB Quality - 1080p, ...
movie
Follow Me (2020)
2020
7.0
To Leslie (2022)
ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမှာ ဆီအပြည့်။သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ...
movie
To Leslie (2022)
3.5
American Pie Presents: Girls’ Rules 2020
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး ရုပ်ရှင် American Pie ရဲ့ Spin Off နောက်တစ်ကားပဲဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် ခါတိုင်းနဲ့မတူတဲ့ ထူးခြားချက်က အမျိုးသမီးတွေဘက်က ဇာတ်အိမ်တည်ထားခြင်း ဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အန်နီ ကေလာ မီရှယ်လ် နဲ့ စတက်ဖနီ တို့ဟာ အချစ်ရေး နဲ့ သမီးရည်းစား ကိစ္စတွေမှာ ကိုယ်စီ ပြဿနာနဲ့ပါ ဒီလိုနဲ့ ပါတီတစ်ညမှာ သူတို့ကတိတစ်ခုထားခဲ့ကြပါတယ် ကျောင်းကပွဲမတိုင်ခင် ကိုယ်စီပြဿနာတွေကို ဖြေရှင်းကြဖို့ပါ နောက်ရက်မှာတော့ ကျောင်းကို ဂရန့် ဆိုတဲ့ကောင်လေး အသစ်ပြောင်းလာပါတယ် အန်နီတို့ သူငယ်ချင်းလေးယောက်နဲ့ ဂရန့် ဘယ်လိုတွေ ဇတ်ရှုပ်မိမလဲ ကျောင်းကပွဲမတိုင်ခင်ရော အန်နီတို့ သူတို့ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား စသည်တွေကို ကြည့်ရှုရမယ့် ကျောင်းသားဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်ပါကြောင်း File size… 1 Gb / ...
movie
American Pie Presents: Girls’ Rules 2020