Channel Myanmar

Stephanie Moseley

Catwoman (2004) 3.4
Catwoman (2004) Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size…    2.1 GB /  971 ...
movie

Catwoman (2004)

Mirror Mirror (2012) 5.6
Mirror Mirror (2012) Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက ​စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက ...
movie

Mirror Mirror (2012)