Channel Myanmar

Stephanie Jacob

In the Heart of the Sea (2015) 6.9
In the Heart of the Sea (2015) IMDb 6.9/10 Genre Action/Adventure/Biographyဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell, Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကို အခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။ အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့ သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ဒီသင်္ဘောကြီးကို ကပ္ပတိန်‌ ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့က ဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီက သူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကို လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။ အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ ...
movie

In the Heart of the Sea (2015)

2015
4K HEVC
Sightseers (2012) 6.5
Sightseers (2012) Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie

Sightseers (2012)

2012
The Iron Lady (2011) 6.4
The Iron Lady (2011) The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations.     ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie

The Iron Lady (2011)

2011