Channel Myanmar

Steffen Jung

The Girl in the Spider’s Web (2018) 6.1
The Girl in the Spider’s Web (2018) The Girl In The Spider's Web Genre – Action, Adventure, Crime IMDB – 6.1/10၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူသူဝေးတဲ့ တောအုပ်ထဲမှာ အိမ်တစ်လုံးရှိပြီး အဖေနဲ့ သမီးနှစ်ယောက်နေကြပါတယ်။ စိတ္တဇလို ရက်စက်တတ်တဲ့အဖေရဲ့လက်အောက်မှာ ကြီးပြင်းရတဲ့ သမီးနှစ်ယောက်အဖို့ကတော့ တကယ့်အိပ်မက်ဆိုးနဲ့ နေ့ရက်တွေပါပဲ။တစ်နေ့မှာတော့ ဖအေဖြစ်သူရဲ့ ညှင်းဆဲမှုကို မခံနိုင်တော့တဲ့နောက် ဝရန်တာကနေပဲ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။ မလိုက်နိုင်တဲ့အစ်မဖြစ်သူကတော့ အဖေ့ဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။နှစ်တွေကြာပြီးတဲ့နောက်မှာတော့ အငယ်မလေးလစ်စဘတ်သ်ဟာ ကြေးစားလူသတ်သမားတဖြစ်လဲ မကောင်းတဲ့လူတွေကို အပြစ်ပေးတဲ့ ကြေးစားလူသတ်သမားလုပ်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ သူ့ကို ကမ္ဘာ့နျူကလီးယားလက်နက်တွေကို ထိန်းသိမ်းထားတဲ့ ဆော့ဝဲတစ်ခုကို ပြန်ခိုးပေး‌ဖို့ အလုပ်ဝင်လာပါတယ်။ဒါပေမဲ့ ဒီအလုပ်ဟာ သူထင်ထားသလောက်မရိုးရှင်းဘဲ ပင့်ကူအိမ်လိုရှုပ်ထွေးစွာနဲ့ အတိတ်ကဖြစ်ရပ်တွေပါ ပြန်နွယ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။File size…    1.4 GB /  729 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... ...
movie

The Girl in the Spider’s Web (2018)

Role Play (2023) 5.5
Role Play (2023) The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့...။ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle ...
movie

Role Play (2023)

Nightlife (2020) 5.7
Nightlife (2020) Nightlife (2020) =============နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်...အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 51Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Jo Jo Va Encoder..........SWM
movie

Nightlife (2020)

2020
The Magic Flute (2022) 5.6
The Magic Flute (2022) The Magic Flute (2022) =================သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသ အမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခု ခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လား ငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ် ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကို တက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေ ခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေ ရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌ လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက် ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေး ထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.7 GB) / (733 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar ...
movie

The Magic Flute (2022)

2022