Channel Myanmar

Stacy Keach

Pretty Woman (1990) 7.1
Pretty Woman (1990)  Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie

Pretty Woman (1990)

1990
4K HEVC
Batman: Mask of the Phantasm (1993) 7.8
Batman: Mask of the Phantasm (1993) IMDB 7.8 နဲ့ Rotten Tomatoes 88%ရရှိထားတဲ့ ဘတ်မန်းကားဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ အချစ်တော်ဟီးရိုးကြီး ဘတ်မန်းဟာမိသားစုရေးမှာတင်မကဘဲ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပါဘူး။သူ့မိဘတွေရဲ့ သင်္ချိုင်းမှာဆုံတွေ့ခဲ့တဲ့သူဌေးကြီးကားလ်ဘိုးမွန့်ရဲ့သမီးဖြစ်သူအန်ဒရေရာဘိုးမွန့်နဲ့တွေ့ပြီး ချစ်ကြိုက်သွားပြီးနောက်မှာဘရု(စ်)ဝိန်းက လက်ထပ်ခွင့်ပါတောင်းခဲ့ပါတယ်။ အန်ဒရေရာကလက်ခံပြီး နောက်နေ့မှာပဲအကြောင်းအမျိုးမျိုးကြောင့်အန်ဒရေရာဟာ စာတစ်စောင်သာပေးခဲ့ပြီးပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ဒါပေမဲ့ ငါးနှစ်ကြာတဲ့အခါမှာ အန်ဒရေရာဟာဂေါ့သမ်မြို့ထဲကိုပြန်ရောက်လာခဲ့ပေမဲ့ ပြဿနာတွေပါ ပါလာခဲ့ပါတယ်။အဲဒီပြဿနာတွေဟာ အန်ဒရေရာနဲ့တင်မကဘဲဂျိုကာနဲ့ပါဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့CM ပရိသတ်ကြီးတို့ စောင့်မျှော်ကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ File size…    2.8 GB /  892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Batman: Mask of the Phantasm (1993)

Chicago Overcoat (2009) 5.9
Chicago Overcoat (2009)  အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင်လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီးလူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကိုပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ ChicagoOvercoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။"လူ" ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီးအခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကိုကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာသွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန်လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းကပန်းပို့သမားဆိုပြီး "လူ" နာမည်ကြီးခဲ့တဲ့အချိန်ကတည်းကလိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း"လူ" ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကိုအသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေများစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73GB / 864MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Chicago Overcoat (2009)

If I Stay (2014) 6.7
If I Stay (2014) If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။  File size…  829 mb /  684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre .....  ...
movie

If I Stay (2014)

2014
Nebraska (2013) 7.7
Nebraska (2013)  သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ...
movie

Nebraska (2013)

The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Escape from L.A(1996) 5.7
Escape from L.A(1996) ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ်အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ်ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ်အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ်တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ်အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ...
movie

Escape from L.A(1996)

Machete (2010) 6.6
Machete (2010) IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie

Machete (2010)

Gold(2016) 6.7
Gold(2016) Gold(2016) IMDb....6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့ရင်ထဲကို တစ်သသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်... ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယ္ခု Gold(2016) ဆိုတဲ့ကားပါပဲ.... (၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို  သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo  နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်... Rating အနေအထားအရ The Wolf of Wall Street ကိုတော့မမှီနိုင်ပေမယ့် အဲ့ဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်... ဒီကားအတွက် Matthew  ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်...ဗိုက်ရွှဲရွှဲ အရက်တမြမြ  စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်... ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်.... ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့  ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်.....ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်...သို့ပေမယ့် ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်... ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်... အဲ့ဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်... ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်း တခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်.. ကိုင်းရွှေကြောကြီးကိုတွေ့မလား.....သူအောင်မြင်မလား.... ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ကန်ကို ဘယ်လိုတွေဖိအားပေးမလဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (958 MB) and (386 MB) Quality : ...
movie

Gold(2016)

2016
Sam (2015) 5.2
Sam (2015)  အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ​ အချစ်​ဟာသဇာတ်​မြူး​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဒါနဲ့စကားမစပ်​ယူတို့ယောကျာ်း​တွေထဲက ယောကျာ်းဘဝက​နေမိန်းမဘဝ​ပြောင်​းချင်​တဲ့သူဘယ်​နှ​ယောက်​ရှိလဲ​လို့​မေးလဲ​မေးချင်​တယ်​​မေးလဲ​မေးပလိုက်​ပြီ​...ဒီဇာတ်​ကား​လေးထဲမှာ ဆမ်​က မိန်​းမလိုက်​စားသူလူရှုပ်​လူ​ပွေတစ်​​ယောက်​ပါ တစ်​​နေ့သူ့ရဲ့အချစ်​ဆုံး​ဘော်​ဒါကြီး​ဒေါ့ ရဲ့​စေ့စပ်​ထားတဲ့​စေ့စပ်​ပွဲကပြန်​ မူးမူးရူးရူးနဲ့ဆိုင်​တစ်​ဆိုင်​ထဲဝင်​သွားခဲ့ပါတယ်​ ​စျေးဆိုင်​ရှင်​ကြီးနဲ့ဘာညာသာဒကာ​လျှောက်​​ပြောရင်​းမိန်​းမ​တွေရဲ့မ​ကောင်​း​ကြောင်​းဘယ်​လိုဘယ်​သင်​းရင်​ဖွင်​့ပါ​တော့တယ် ​စျေးဆိုင်​ရှင်​ကြီးကလည်​း​သူ့ကိုဖြေသိမ်​့ရင်​း ထူးဆန်​းတဲ့အရာတစ်​ခု​သောက်​ခိုင်​းခဲ့ပါတယ်​ ​နောက်​တ​စ်​​နေ့မနက်​အိပ်​ယာထတဲ့အချိန်​မှ​ာ​​တော့​ဒေါ့ဟာအရမ်​းကိ​ု​ချော​မောလှပတဲ့မိန်​းမ​ချော​လေးတစ်​​ယောက်​အဖြစ်​သို့​ပြောင်​းလဲသွားခဲ့ပါတယ်​ ​​ကြံရာမရတဲ့အဆုံးမှာ​တော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်​ပြီးမိန်​းမတစ်​​ယောက်​အဖြစ်​ဟန်​​ဆောင်​​နေသွားရပုံကိုဟာသဆန်​ဆန်​​လေးကြည်​့ရှုရမှာဖြစ်​ပါတယ်​ ယူတို့လည်​းသိပ်​ပြီးအားကျရင်​ဇာတ်​ကား​လေးကြည်​့ပြီးနည်​းနာယူကြပါလို့.... အ​ရေအကြီးဆုံးတစ်​ချက်​က​တော့မိန်​းမ​ချော​လေးကိုငမ်​းမှာဆိုလည်​းတကယ်​​တော့သူဟာဆမ်​ဆိုတဲ့ယောကျာ်းအစစ်​ကြီးပါဆိုတဲ့အသိတရား​လေးဝင်​ကြပါဦးလို့့  :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie

Sam (2015)

2015
American History X(1998) 8.5
American History X(1998) American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျူ ံမှု န့်ဖြူ ကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျို း ပြောင်းလဲသွားကြတာမဟုတ်ပါလား။ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျို းပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုူ းပါပဲ။လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ ...
movie

American History X(1998)

1998