Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sshivada Nair
7.5
Garudan (2024)
Garudan 2024 (လျှို့ဝှက်မှုတို့၏နောက်ကွယ်) IMDb 7.6/10အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်း တူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိ တူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့ ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာ အုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့ သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။ သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေ ချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာ ကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု, ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ........သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ ..... သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ...
movie
Garudan (2024)
2024
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
7.7
Nitham Oru Vaanam (2022)
Nitham Oru Vaanam (2022)—————————————————IMDb _ 7.7/10ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်..ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်..အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB / 1.05GB Quality…1080p True ...
movie
Nitham Oru Vaanam (2022)
2022
7.2
12th Man (2022)
12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni
movie
12th Man (2022)
7.8
Maara
Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie
Maara
2021