Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Srinivas Avasarala
7.6
Kalki 2898-AD (2024)
Kalki 2898 AD (2024) IMDb - 7.6/10စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ... လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ... ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (10 GB) / (3.67 GB) / (2GB) Quality…WEB DL 4K EHVC ...
movie
Kalki 2898-AD (2024)
4K HEVC
5
Phalana Abbayi Phalana Ammayi (2023)
Phalana Abbayi Phalana Ammayi (2023) "အချစ်နယ် ကန့်သတ်ချက်"ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက် အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုက အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size… 1.9GB / 847MB Quality…WEB DL 1080p / ...
movie
Phalana Abbayi Phalana Ammayi (2023)
2023
7
Sriranga Neethulu (2024)
Sriranga Neethulu (2024) "ပြစ်ချက်မကင်းတဲ့ ပန်းများ"IMDb 9.0 အိန္ဒိယခေတ်သစ်လူ့အဖွဲ့အစည်းက လူငယ်တွေရဲ့ ဘဝနေထိုင်မှုကို တင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်ခေတ်နဲ့အမျှ လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲလာပါစေ လူတန်းစား/ကျားမ ခွဲခြားမှုတို့က ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှုတို့ကလည်း မကွယ်ပျောက်ဘဲ ရှိနေဦးမှာပါအက်ရှ်ဝါရီယာ ဆိုတဲ့ ကောင်မလေးဟာလည်း ဒီလိုပြဿနာတွေကို စင်ပေါ်တက်ဟောပြောဖို့ သတ္တိရှိပေမယ့် သူကိုယ်တိုင်ကျ လူတန်းစားမတူတဲ့ ရည်းစားကောင်လေးအကြောင်း မိဘကို ဖွင့်ပြောဖို့ကျ မဝံ့ရဲဘူးလေ ရှီဗာကတော့ အလုပ်လက်မဲ့ တေလေဂျပိုး ဖခင်ကို အရွဲ့တိုက်ပြီး မူးရူးနေရုံသာမက ဆေးခြောက်ပါ ကိုယ်တိုင်စိုက်လို့ ကွိုင်တက်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက် ...အောင်မြင်ကျော်ကြားဖို့ လူအာရုံစိုက်ခံရဖို့ကို ကိုယ့်အလုပ်ထက် အလေးပေးတဲ့ ခေတ်လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေ အပါအဝင် မတူညီတဲ့ နောက်ခံအမျိုးမျိုးက ခေတ်လူငယ်တွေရဲ့ ဘဝပြဿနာအဖုံဖုံကို လက်တွေ့ကျကျ တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.76GB / 778MB Quality…WEB DL 1080p / ...
movie
Sriranga Neethulu (2024)
2024
8.0
Kismat (2024)
Kismat (2024) "ကံကြမ္မာ" ============================Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.97GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kismat (2024)
2024
8.3
Eagle (2024)
Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie
Eagle (2024)
2024
8.7
Pindam (2023)
Pindam (2023) အိမ်ကြီးတစ္ဆေIMDb - 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်၊ သူ့ရဲ့အင်တာဗျူးချက်အရ မစ်အန်နာမာမှာလည်း သူမနိုင်တဲ့ဝိညာဥ်မျိုးရှိတယ်ဆိုတာကို ပြောပြရင်းနဲ့ ဒီဇာတ်လမ်းလေး အစပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်တုန်းက ခရစ်ယာန်မိသားစုတစ်စုဆီမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန်စက်တစ်ခုမှာ စာရင်းကိုင်လုပ်နေတဲ့ အန်တိုနီတစ်ယောက် အလုပ်နဲ့နီးရာကို အိမ်ပြောင်းရင်းနဲ့ ဒီအိမ်ကြီးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီအိမ်ကြီးမှာ အန်တိုနီရယ် သူ့ဇနီးဖြစ်သူ မယ်ရီ၊ သမီးနှစ်ယောက်နဲ့အတူ သူ့ရဲ့မိခင်ကြီးပါ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ...
movie
Pindam (2023)
2023
7.0
Okka Kshanam (2017)
Okka Kshanam (2017)နှစ်ကြိမ်ဖြစ်တော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ရဲ့။ သုံးလေးကြိမ်မက အားလုံးတူညီနေတော့ တိုက်ဆိုင်မှုထက် ပိုသွားပြီ။ဥပမာ ပြောရရင် လင်ကွန်း နဲ့ ကနေဒီ လိုပေါ့ နှစ်တစ်ရာပဲ ကွာပြီး အားလုံးတူနေတာမျိုး။ အဲ့လို တစ်ထပ်တည်းကျ တူနေတာမျိုးကို Parallel Life လို့ ခေါ်တယ်။ဒီဇာတ်ကားလေးက လင်ကွန်းနဲ့ ကနေဒီတို့ ထပ်တူကျမှုကို ဥပမာယူပြီး ဇာတ်အိမ်တည်းထားတာဆိုတော့ တစ်ယောက်ဖြစ်တာ နောက်တစ်ယောက်ဖြစ်ရတော့မယ်။ဇာတ်လမ်းထဲမှာ ဂျီဗာနဲ့ ဂျို တို့အတွဲရယ်၊ ဂျိုတို့ အိမ်ရှေ့က ရှီနီဗာ နဲ့ ဆွာတီတို့ အတွဲရယ်။ Parallel Life ကျတဲ့ အတွဲနှစ်တွဲပေါ့။ရှီနီဗာနဲ့ ဆွာတီတို့ကို အိမ်ထောင်ရေး အဆင်မပြေသူများအဖြစ်ပုံဖော်ထားပြီး၊ သူတို့အတွဲ ဖြစ်ပျက်သမျှ ဂျီဗာနဲ့ ဂျို ဖြစ်လာတယ်။Parallel life ဖြစ်နေတယ်ဆိုတာ သိရတော့ ဂျီဗာနဲ့ ဂျိုတို့အတွဲဟာ သူတို့ရဲ့အနာဂတ်အဖြစ် မြင်နေရတဲ့ ရှီနီဗာနဲ့ ဆွာတီတို့ ဘဝတွေကို ကြည့်ရင်း စိုးရိမ်ကြောက်ရွံ့လာခဲ့ပါတယ်။" သူတို့ရဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့အနာဂတ်ပဲ " တဲ့။မထင်မှတ်ဘဲ ဆွာတီဟာ သေဆုံးခဲ့တယ်။ ဘယ်သူ ...
movie
Okka Kshanam (2017)
7.6
PSV Garuda Vega(2017)
PSV Garuda Vega (2017) Action, Drama IMDb 7.6/10 (1.3K)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ်တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ်အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲတစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ်ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie
PSV Garuda Vega(2017)
2017
6.4
Aa Ammayi Gurinchi Meeku Cheppali (2022)
Aa Ammayi Gurinchi Meeku CheppaliIMDb-6.4/10ဒီတစ်ခါ CM ပရိသတ်ကြီး ရှုစားရမှာကတော့ Uppena နဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေးပါ၀င်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါရိုက်သမျှ ကြော်ငြာတွေ တစ်နှစ်တည်း 6 ကြိမ် ဆက်တိုက်ပေါက်လာတဲ့ တက်သစ်စလူငယ်ဒါရိုက်တာ နာဗင်းတစ်ယောက် တစ်နေ့ သူ့ပရိုဂျူဆာအိမ်က အပြန် အမှိုက်ကားနဲ့တိုက်မိပြီး လွန်ခဲ့တဲ့ 6 နှစ်လောက်က ရိုက်ခဲ့ဟန်တူတဲ့ ဖလင်ဟောင်းလေး တစ်ခု ကောက်ရခဲ့တယ်ဖလင်ထဲမှာပါတဲ့ ကောင်မလေးရဲ့ ရုပ်ရည်နဲ့သရုပ်ဆောင်ကို ကြွေသွားပြီး သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးတင်ရိုက်ဖို့ လိုက်ရှာတော့တာပေါ့ဒါပေမယ့် ဖြစ်ချင်တော့ မင်းသမီးက ရုပ်ရှင်မရိုက်ဖူးတဲ့အပြင် ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူးတဲ့ မျက်စိဆရာ၀န်တစ်ယောက် ဖြစ်နေတယ် မင်းသမီးအပါအ၀င် မင်းသမီးရဲ့မိသားစုကပါ ရုပ်ရှင်ဆိုတဲ့ စကားကို မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြတယ်ရုပ်ရှင်ခါးခါးသီးသီးမုန်းတဲ့သူကို ခေါင်းဆောင်မင်းသမီး တင်ရိုက်နိုင်အောင် တက်သစ်စ ဒါရိုက်တာလေး ဘယ်လိုကြိုးစားမလဲ ရုပ်ရှင်မုန်းတဲ့သူက ဘယ်လိုလုပ် ဖလင်ထဲမှာ ပါနေတာလဲဆိုတော့ ပရိသတ်ကြီးပဲ ကြည့်ရှုခံစားကြည့်ပါတော့ File size…2.09GB / 924MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie
Aa Ammayi Gurinchi Meeku Cheppali (2022)
2022
6.4
Thank You (2022)
Thank You (2022) Drama IMDb 6.4/10ကဲ တေလဂူဘက်က မင်းသားချောလေး နာဂချီတန်ယားအခီနယ်နီရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာခဲ့ပါပြီ...ဒီမင်းသားရဲ့ထူးခြားချက်ကတော့ သူရိုက်တဲ့ကားတော်တော်များများက ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်..ခုတစ်ခါထွက်ရှိလာတဲ့ကားလေးမှာလည်း လူတစ်ယောက်ရဲ့ဘဝ... အသေအချာပြောရရင် ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ ကြုံရတတ်တဲ့ ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ ကိုယ့်ကို ဘယ်သူဟာအမြင့်ကို ဆွဲခေါ်သွားလဲ ကိုယ့်ကို ဘယ်သူဟာ အနိမ့်ကို ဆွဲချသွားလဲဆိုတာကို ပိုင်းခြားသိမြင်တတ်အောင် သင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပါ..ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အဘီဟာ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကြိုးစားမယ့်လူတစ်ယောက်ပါ...ဒါပေမဲ့ အောင်မြင်လာတဲ့အခါမှာလည်း သူဟာ တစ်ကိုယ်ကောင်းဆန် မောက်မာလာပြီး သူ့ကျေးဇူးကို မေ့လာခဲ့ပါတယ်...ဘဝမေ့တော့မယ့်ဆဲဆဲ အမြင်မှန်ရလာတဲ့အခါမှာတော့ ဘဝကို လက်တွေ့ကျကျနဲ့ သူဘယ်လိုဖြတ်သန်းမလဲသူ့ဘဝတက်လမ်းကို ဖေးမပေးခဲ့တဲ့သူတွေကို ပိုင်းခြားသိမြင်လာပြီးနောက် စိတ်ဝင်စားဖွယ် သူ့နောက်ကြောင်းတွေနဲ့အတူ ဘဝခရီးလမ်းကို အဓိပ္ပါယ်ရှိစွာနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ကိုယ့်ဘဝရဲ့ကျေးဇူးရှင် ရန်သူနဲ့ ဘဝလက်တွဲဖေါ်တို့ကို အောင်မြင်စွာပိုင်းခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်... File size…10.57GB / 2.67GB / 1.2GB Quality…720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Khai
movie
Thank You (2022)
2022
4K HEVC
6.4
Nootokka Jillala Andagadu (2021)
ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် ကုလားကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း...အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo ...
movie
Nootokka Jillala Andagadu (2021)
5.5
Nishabdham(2020)
Nishabdham(2020)အညွှန်း*************************3 idiots ဇာတ်ကားထဲက ဖာရ်ဟန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး R. Madhavan ၊ ဘာဟူဘာလီမင်းသမီး Anushka Shetty တို့ သရုပ်ဆောင်ထားတဲ့ Horror,Mystery,Thriller ကားလေး ထွက်လာလို့ဘောလိဝုဒ် ၊ တောလိဝုဒ် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း အမေရိကန်နိုင်ငံ ၊ အနောက်ကမ်းရိုးတမ်းမှာရှိတဲ့ Seattle မြို့အစွန်... လူသူအရောက်အပေါက်နည်းလှတဲ့ တောအုပ်တစ်ခုဘေးက အိမ်တစ်အိမ်... အချိန်က အမှောင်ကြီးစိုးတဲ့ မဟူရာည... မှိန်ပြပြထွန်းညှိထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်နဲ့ အတူ... ခပ်ငြိမ့်ငြိမ့် တီးလုံးသံကို အားပြုပြီး စည်းချက်ညီတဲ့ စုံတွဲအကလေးနဲ့ ချစ်သူနှစ်ဦး ပျော်မြူးနေချိန် မြေအောက်ခန်းထဲက လျှပ်စစ် မီးသီး တစ်ခုခုဖြစ်နေသံကြားလိုက်ရတယ်။ မြေအောက်ခန်းထဲမှာ ပစ္စည်းအပျက်တချို့ရယ်၊ ပန်းချီတချို့ရယ်ကလွဲပြီး တခြား ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ပီတာတစ်ယောက် ရီဝေဝေနဲ့ ဆင်းကြည့်ခဲ့တယ်။ ချစ်သူဖြစ်တဲ့ မလီဆာဟာ အောက်ထပ်က အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ပီတာကို လိုက်လံကြည့်ရှုခဲ့ရာမှာတော့ ပီတာဟာ နံရံမှာ လက်နှစ်ဖက်ကို ချွန်ထက်တဲ့အရာတွေနဲ့ ပူးရိုက်ထားပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကို မြင်လိုက်ရပါတော့တယ်။ မလီဆာလည်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တွေဝေနေချိန် သူလည်း အလစ်တိုက်ခံလိုက်ရတယ်။ ဒီအိမ်က တစ္ဆေခြောက်တယ်လို့ ...
movie
Nishabdham(2020)