Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Srikanth Iyengar
8.5
Republic (2021)
Republic 2021 IMDb 8.5/10အသစ်ထွက်ရှိလာတဲ့ Republic ဆိုတဲ့ တောင်ပိုင်းကားလေးကတော့ Political Thriller/ Drama အမျိုးအစားဖြစ်သည့်အားလျော်စွာ နိုင်ငံရေးကားကောင်းလေးတစ်ကားဆိုပါတော့...အိန္ဒိယနိုင်ငံရေးဇာတ်ကားဖြစ်တာနဲ့အညီ နိုင်ငံရေးသမားတွေရဲ့လုပ်စားကွက်တွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေတာတွေ၊ လက်ဝါးကြီးအုပ်အမြတ်ထုတ်တာတွေကြောင့် အောက်ခြေဆင်းရဲသားနင်းပြားလေးတွေရဲ့ဘဝတွေ အဖိနှိပ်ခံရပုံတွေ... ပညာရေးစနစ်၊ တရားရေးစနစ်၊ စာရိတ္တပိုင်းဆိုင်ရာတွေပါ ချို့ယွင်းပျက်စီးနေပုံတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။အာဏာကိုအလွဲသုံးစားလုပ်မယ့်သူနဲ့ မတရားရင် ငြိမ်မခံတဲ့ ပြည်သူ့ဖက်က ဘက်တော်သားတို့ ဒီကားမှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမှာပါ.. လူသိများနာမည်ကြီးတဲ့တောင်ပိုင်းမင်းသားမင်းသမီးတွေဇာတ်ပို့တွေ ပါဝင်တာကြောင့် တောင်ပိုင်းစတိုင်မိုက်တဲ့ဇာတ်ကားပါပဲ။ File size…(2.2 GB)/(1 GB) Quality….WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Mugiwara Ya & San Thu Aung
movie
Republic (2021)
HEVC 1080p
7.1
Most Eligible Bachelor (2021)
IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်ယောက်ကိုတစ်ယောက် အရမ်း ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ပေါ့ အချိန်ကြာတွဲလာရင်း အိမ်ထောင်သည်ဘဝ ကူးပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူတွေ ဘယ်လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူးလေနော့ အိမ်ထောင်သက်ကြာလာလေလေ မိသားစုအရေး စီးပွားရေး လူမှုရေးကိစ္စတွေကြားမှာ မချစ်တော့တာမဟုတ်ပေမယ့် မချစ်ပြတတ်ကြတော့ပါဘူး CM ပရိသတ်ကြီးတို့ကော "အိမ်ထောင်သည်ဘဝကနေ ဘာတွေများမျှော်လင့်ထားကြပါသလဲ" ပျော်ရွှင်သောအိမ်ထောင်ရေးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီးလောင်း အယောက် ၂၀နဲ့လိုက်တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီးလောင်းကတော့ သူ့အလိုကျ လိုက်လျောညီထွေနေပေးတတ်လွန်းတဲ့ မိန်းကလေး... မိဘတွေက တခြားသတို့သမီးလောင်းတွေ အားလုံးတွေ့ပြီးမှ ရွေးစေချင်တာပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံလေးရယ် ဇာတာခွင်ရယ်ကို သတို့သမီးလောင်း နောက်တစ်ယောက်ရဲ့အဖေဖြစ်သူဆီကို သွားပေးရင်း ဓါတ်ပုံပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းကလေးနဲ့ ဆုံဖို့ကံပါလာတော့တယ်... ထိုမိန်းကလေးနဲ့တွေ့ပြီးနောက် ဟာရှာတစ်ယောက် သူ့ရဲ့ ဘဝလက်တွဲဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie
Most Eligible Bachelor (2021)
HEVC 1080p
6.7
Tuck Jagadish(2021)
Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie
Tuck Jagadish(2021)
2021
5.6
Akshara(2021)
Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်... File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie
Akshara(2021)
2021
6.0
47 Days The Mystery Unfolds(2020)
47 Days The Mystery Unfolds(2020)မင်းသားက ရဲဗျာ ရဲကိုမှ ဇာတ်ရဲလက်ရဲအသေရဲ ...တစ်ခုခုဆို တဇွတ်ထိုးတဇောက်ကန်းလုပ်တတ်လွန်းလို့ သူ့သူငယ်ချင်းက သူနဲ့ဆို လူဆိုးမဖမ်းချင်. စွန်းဗျင်းတဲ့ရဲဆိုပါတော့.. ဒါလည်း သူ့အကျင့်မပြင်တဲ့ဘဲ... ချစ်ရတဲ့ဇနီးချောလေးနဲ့ ကွဲကွာခဲ့ချိန်ကစပြီး ဒီလူဟာ ပုံမှန်လို မဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့တယ်...အရင်လို ရဲဆရာကြီးမဟုတ်တော့ဘဲ ပါဝါနည်းသွားတဲ့အချိန်မှာမှ အမှုကြီးကြီးတွေကို ရင်ဆိုင်လာရတဲ့အခါမှာတော့... ဒီဇာတ်ကားမှာ လက်သီးတစ်ချက်ထိုးလို့ ဆယ်ပေလောက်လွင့်သွားတာမျိုးမပါသလို ငှက်ပျောသီးနဲ့ လည်ပင်းလှီးတာတို့လည်း ကင်းဝေးပါတယ်...အရှိကိုအရှိအတိုင်း ယုတ္တိရှိရှိရိုက်ပြထားတဲ့ကားမို့လို့ မင်းသမီးကလည်းစွန်းချောတော့အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ရင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (347MB) Quality : WEB-DL 720p Format…mp4 Duration…02:02:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
47 Days The Mystery Unfolds(2020)
1
2
Previous