Channel Myanmar

Sridhar

Bell (2023)
Bell (2023) Bell 2023 တောနက်ကြီးရဲ့လျှို့ဝှက်ချက်Jigarthandarထဲက နာမည်ကျော် Guru Somasundaramပါဝင်တဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ mystery genreပီပီ ဇာတ်လမ်းထဲမှာပေးထားတဲ့ သဲလွန်စတွေကို ချိတ်ဆက်ရင်းနဲ့ အဖြေရှာရမယ့်ဇာတ်ကားလေးဖြစ်ပြီး plot twistလေးတွေလည်း ပါဦးမှာပါ။လူ့လောကသားတွေရဲ့ လျှို့ဝှက်ချက်ကြီး 6 ချက်ကို တပည့်ရင်း 6 ယောက်ကို မှာကြားပို့ချခဲ့တဲ့ ရှေ့ပညာရှိဂုရုကြီး အာဂက်စတီနဲ့ ဒီလျှို့ဝှက်ချက်တွေကို လူသားတွေရဲ့ကောင်းကျိုးအတွက်ပဲ အသုံးချပြီး စောင့်ထိန်းရမယ့် သူ့ရဲ့တပည့်သားတွေနဲ့ နောင်လာနောက်သားတွေ...ဒီလျှို့ဝှက်ချက်တွေထဲမှာ လူစိတ်ဝင်အစားဆုံးအရာကတော့ ဆန်ဂါဗာနမ်သစ်တောကြီးထဲမှာရှိတဲ့ မသေဆေးပင်...အာဏာစည်းစိမ်တွေအကုန် ပိုင်ဆိုင်ထားသူတွေ လောဘတစ်ဆင့်တက်လာတဲ့အခါ မအို မနာ မသေရတဲ့အဖြစ်ကို တောင့်တတတ်ကြတယ်တဲ့။ ဒီထဲမှာ ဂုရုဘရာမာလည်း တစ်ယောက်အပါအဝင်ပေါ့။ဂုရုဘရာမာတစ်ယောက် မသေဆေးတွေ့ဖို့ တောနက်ထဲမှာ စင်တာတွေဆောက်ရင်း တစ်ယောက်တည်းကြိတ်ပြီး ဆေးပင်ရှာနေတုန်း ဒီတောနက်ထဲက လူသေအလောင်း 10 လောင်းရှာတွေ့ပြီး မြို့သားတွေရော ရဲတွေ အုပ်အုပ်ကျက်ကျက်ဖြစ်လာချိန်မှာတော့ ရဲတွေက ပထမဆုံးသံသယဝင်မိသူက မျက်မမြင်တစ်ယောက်ဖြစ်တဲ့ ဘဲလ်ဆိုတဲ့လူထူးဆန်း...လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ဘဲလ်ရယ် ဆေးပင်ရှာနေတဲ့ ဘရာမာရယ် အမှုလိုက်မယ့် ဒုရဲမင်းကြီးရယ် ဒီလူသုံးယောက်နဲ့ မသေဆေးပင်အရှုပ်တော်ပုံက ဘာတွေဆက်ဖြစ်မလဲဆိုတာ ...
movie

Bell (2023)

2023
Thalaivaa (2013) 6.3
Thalaivaa (2013) Thalaivaa (2013) "အမွေခံသား" IMDb 6.3ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့ သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီး သားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ်ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းက တစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ်မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီး အဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီး သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင် ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့....ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုး မိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ...
movie

Thalaivaa (2013)

2013