Channel Myanmar

Srđan 'Žika' Todorović

Hotel Belgrade (2020) 6.2
Hotel Belgrade (2020)  ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ရုရှား-ဆာဘီးယန်း အချစ်/ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပါဗန်က ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ပြီး ဘဲလ်ဂရိတ်မြို့လယ်ခေါင်မှာ ခမ်းနားထည်ဝါလှတဲ့ ဟိုတယ်တစ်လုံးကိုပိုင်ထားသူပါ။ သူက တစ်နေ့မှာ လူမိုက်ခေါင်းဆောင်တစ်ယောက်နဲ့ ပြဿနာတက်ရာကနေ အဲ့ဒီလူရဲ့ သမီးက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက်စွဲလန်းနေသူတစ်ယောက်ဖြစ်နေတော့ ပြဿနာကိုလည်း မဖြေရှင်းနိုင်တဲ့ပါဗန်တစ်ယောက် လူမိုက်ခေါင်းဆောင်ရဲ့သမီးကို လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ ပါဗန်ရဲ့တစ်ချိန်က အဆက်ဟောင်းက သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw
movie

Hotel Belgrade (2020)

Underground (1995) 8.0
Underground (1995)  IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်.... နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ''မာကို''နဲ့ ''ဘလက်ကီ''(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်.....ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre... Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy
movie

Underground (1995)

South Wind (2018) 7.9
South Wind (2018) ဆားဘီးယား စကားပြော crime/thriller ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်IMDb 7.9 အထိရထားပြီး ဥရောပဖလင်တွေရဲ့ ထုံးစံအတိုင်း အပိုစာသားသိပ်မပါပဲ လက်တွေ့ အဆန်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးပါဇာတ်လမ်းကတော့ ပီတာမာရက်ရှ်ဆိုတဲ့ လူငယ်တစ်ယောက်က ဆားဘီးယားနိုင်ငံ ဘဲဂရိတ်ရဲ့ မြေအောက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပြီး အတူနေချစ်သူ ဆိုဖီယာနဲ့ နေထိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်တဲ့ အဖေဖြစ်သူရဲ့လက်အောက်မှာ ကြီးပြင်းလာရပြီး ညီအစ်ကိုလို ခင်တဲ့ ဂိုဏ်းခေါင်းဆောင် Tsar နဲ့ သူ့ရဲ့ ဘော်ဒါတွေကပဲ သူ့ဘဝမှာ မိသားစုဝင်လို ဖြစ်ခဲ့ပါတယ် တနေ့မှာ မာစီးဒီးကားတစ်စီးကို ခိုးရာကနေ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ သွားငြိပါတယ်...သာမန်ကိစ္စလေးကနေ သပွတ်အူလို ရှုပ်ထွေးနက်နဲတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သူချစ်တဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ လက်မရွံ့တမ်း ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Crime, Drama, ...
movie

South Wind (2018)