Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Soubin Shahir
6.4
CIA: Comrade In America (2017)
CIA : Comrade in America (2017) "ချစ်သူရှိရာသို့..."IMDb 6.4Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ်ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ ....နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ... အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
CIA: Comrade In America (2017)
2017
5.1
Oru Yamandan Premakadha (2019)
Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie
Oru Yamandan Premakadha (2019)
2019
8.6
Manjummel Boys (2024)
Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့ survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie
Manjummel Boys (2024)
2024
8
Charlie (2015)
Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Charlie (2015)
2015
8.6
Valatty (2023)
Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie
Valatty (2023)
2023
6.6
King of Kotha (2023)
King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Zwe, Alex, ...
movie
King of Kotha (2023)
2023
4K HEVC
6.5
Live (2023)
Live (2023)CM Bollywood ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၈ ရေဘေးမှာ အင်တိုက်အားတိုက်ကူညီခဲ့ပြီး သူရဲကောင်းမလေးလို့ပါခေါ်ဝေါ်ကြတဲ့ အဘက်ဘက်ကပြည့်စုံတဲ့ ဆရာဝန်မလေး အမ်မလာ..တနေကုန်လုံး အလုပ်နဲ့ပေါ့ပါးပေါ့ပါးပါးဖြတ်သန်းခဲ့ရင်းက ည ၁၁ နာရီဆိုတာနဲ့ သူပဲသိတဲ့ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ရပါပြီ။ ဘာများလဲ... ရေတွက်မရတဲ့ Spam message တွေပါပဲ။ တနေကုန်ဘယ်ကရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့မသင့်တော်ရာနေရာတွေကို မသင့်တော်တဲ့ရှုထောင့်နဲ့ရိုက်ထားတဲ့ပုံတွေ မသင့်တော်တဲ့စကားတွေနဲ့ သူ့ရဲ့ညတိုင်းဟာ ကုန်ဆုံးနေရပါတယ်။တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာကြီးလာပြီး ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး ... ပြည့်တန်ဆာတိုက်ဖျက်နှိမ်နင်းရေးရေးစီမံချက်မှာ ဖမ်းဆီးရေးလုပ်နေတဲ့လူအုပ်ကြားရောပါပြီး အဖမ်းခံရရာက နောက်ကြောင်းပါအစဆွဲထုတ် လူထုအရှက်ခွဲမှုကြီးခံရပါတော့တယ်။ ဒါကိုသူငယ်ချင်းဖြစ်သူ သတင်းထောက်နဲ့ ပူးပေါင်းဖြေရှင်းရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ.... ဘာတွေဘယ်လိုရင်ဆိုင်ရမလဲ ..ပြဿနာတွေအားလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။(အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, BpL, Voldemort,Yunni နဲ့ Thaik San တို့မှ ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်။) File size…2.01GB / 873MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard ...
movie
Live (2023)
2023
Romancham(2023)
Romancham (2023) IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ...သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni
movie
Romancham(2023)
7.1
Churuli (2021)
IMdb Rating (7.1)ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ...
movie
Churuli (2021)
6.2
CBI 5: The Brain (2022)
ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး... File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ
movie
CBI 5: The Brain (2022)
2022
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
7.6
Bro Daddy (2022)
Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော် File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie
Bro Daddy (2022)
2022
7.1
Solo (2017)
Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie
Solo (2017)
2017
7.9
Virus(2020)
Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie
Virus(2020)
7.3
Trance (2020)
Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie
Trance (2020)
2020
8.2
Parava(2017)
Parava(2017) IMDb....8.2 ဒီကုလားကားကတော့ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို ကလေးသရုပ်ဆောင်တွေအဖြစ်ရွေးထားတဲ့ (၂)ယောက်ကလည်း သူတို့ အတွက်ပထမဆုံးဇာတ်ကားဖြစ်ပါသတဲ့... သို့ပေမယ့် သူတို့ဟာ အံသြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းတယ်လို့ချီးကျူးခံထားရပါတယ်... ဒီကားထဲမှာဆိုရင် မန်ချက်ထရီမြို့နယ်မှာ အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ ခိုပျံပြိုင်ပွဲအတွက် ခိုလေးတွေမွေးတဲ့ ညီအကို(၂)ယောက်နဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်.. ကျောင်းသားဘ၀ ကျောင်းစာတစ်ဖက် နဲ့ ခိုလေးတွေမွေးရင်း ကျောင်းပျော်ကြီး တွေ လုပ်ချင်ရာလျောက်လုပ်နေတဲ့ ညီအကို(၂)ယောက်ရဲ့ အကြောင်းကို တွေ့ရပါလိမ့်မယ်.. ဒီကားက အခြေခံလူတန်းစားရပ်ကွက်တွေမှာဖြစ်တတ်တဲ့သူတွေရဲ့ ဘ၀ကို သရုပ်မှန် လှလှပပလေး ပုံဖော်ထားပြီး ကလေးတွေရဲ့ စရိုက်လေးတွေ၊ အသင်းအဖွဲ့အားကစားစိတ်ဓတ်လေးတွေ၊ ကို ပညာသားပါပါရိုက်ကူးထားတာပါ... မိမိလူနေမှုဘ၀၊ကလေးဘ၀က လုပ်ခဲ့တာတွေနဲ့အကြောင်းပေါင်းများစွာ တိုက်ဆိုင်နေလို့ ဒီကားကြည့်နေတဲ့အချိန် ခင်ဗျားဟာ ခပ်ပြုံးပြုံးကြီးဖြစ်နေလိမ့်မယ်.. ကိုင်း ကုလားကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (439 MB) Quality : Blu-Ray 720p Format…mp4 Duration…02:27:00 Genre : Action, Comedy, Drama | Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Parava(2017)
2017