Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sophie Lowe
5.8
Above Suspicion (2019)
ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာသူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက်သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆိုပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်းပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာအထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာနေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ်အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက်ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျားတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီအိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBIအေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစားလိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလိုအေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip ...
movie
Above Suspicion (2019)
5.5
The Butterfly Tree (2017)
လူတိုင်းလူတိုင်းဟာ ဆယ်ကျော်သက်အရွယ် လူကြီးစိတ်စ၀င်တဲ့အရွယ်မှာပထမဆုံးသဘောကျမိတဲ့သူ၊ ရင်ခုန်မိတဲ့သူ၊ crushမိတဲ့သူတွေ ရှိခဲ့ဖူးကြတာပဲမလား။အဲဒီတစ်ယောက်ဟာ ရွယ်တူလည်းဖြစ်နိုင်တယ်၊ စီနီယာတစ်ယောက်ယောက်လည်းဖြစ်နိုင်တယ်၊ရုပ်ရှင်ထဲက မင်းသား၊မင်းသမီးလည်းဖြစ်နိုင်သလို ရပ်ကွက်ထဲကသိပ်လှတဲ့ဦးလေး၊အဒေါ်အရွယ်တွေလည်း ဖြစ်နိုင်တာပဲလေ။ဒီဇာတ်ကားမှာ အယ်လန် နဲ့ ဖင်း ဆိုတဲ့ သားအဖနှစ်ယောက်ဟာသူ့(အယ်လန်)ဇနီး၊ သူ့(ဖင်း)အမေကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ခက်ခဲလွန်းတဲ့နေ့ရက်တွေကို ကျော်ဖြတ်နေခဲ့ရပါတယ်။အယ်လန်ဟာ ရည်းစားတွေလျှောက်ထားပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပြီးတော့ဖင်းကတော့ အိမ်မှာရှိတဲ့ သစ်ပင်ပေါ်ကလိပ်ပြာမွေးထားတဲ့ခြံလေးထဲမှာပဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ ကံကြမ္မာရဲ့ အလှည့်အပြောင်းလေးတစ်ခုမှာတော့အဖော်အချွတ်မယ်ဟောင်းတစ်ယောက်၊ အလှပဂေးလေးတစ်ယောက်ဖြစ်တဲ့အဲဗလင်းဆိုသူဟာ သူတို့မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဗလင်းဟာ သူ့ရဲ့လိပ်ပြာ၀တ်စုံဟောင်းလေးကို ပြန်၀တ်ပြီးကနေခဲ့တာကို လှမ်းမြင်ခဲ့ရတဲ့ ဖင်းတစ်ယောက် ရင်ထဲမှာပါလိပ်ပြာတွေပျံပြီး မြင်မြင်ချင်း သဘောကျမိသွားပါတော့တယ်။အယ်လန်ဟာလည်း အလုပ်သွားတဲ့အချိန်မှာအဲဗလင်းနဲ့ ဆုံတွေ့မိခဲ့ပြီး သဘောကျသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ ကြောင်တောင်တောင်နိုင်တဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ်ပေါက်လာခဲ့ပြီး ဒီဇာတ်ရှုပ်ကြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size… 1.4 GB / 619 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Drama Subtitle…. Myanmar Subtitle (Hard ...
movie
The Butterfly Tree (2017)
2017
5.6
The Dive (2023)
ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းလေးကတော့မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့...။တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ်ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့...။ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော....။ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခကအောက်စီဂျင်ပါပဲ...။နောက်ပြီးတော့ အချိန်ပါ...။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊အခြားအန္တရာယ်အစုံတိုးလာလေပါပဲ....။ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက်မှန်မှန်ချကြမလဲ...၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင်ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်...။ File size…1.86GB / 685MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Dive (2023)
Medieval (2022)
Mediveal (2022)ဥရောပအလယ်ခေတ်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီးနောက် ဘိုဟီးမီးယန်းနယ်မြေတွင်း ဂိုဏ်းဂဏတွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ချားစ်-၄ နတ်ရွာစံပြီးနောက် သားတော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အနေနဲ့ ဘိုဟီးမီးယားနယ်ကနေ ရောမကိုသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ကြွေးမှီများစွာတင်နေပြီး ရောမကိုသွားဖို့တောင် ရဲမက်စရိတ် စားစရိတ်ကအစ ချေးငှားရမယ့်အခြေအနေပါ။ သူတို့ချေးငှားနေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ချေးငွေထုတ်မပေးတာကြောင့် အကျပ်ရိုက်နေတာပါ။ ဒါကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီးလောင်း လေဒီကတ်သရင်းကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းဖို့ ကြံပါတော့တယ်။ပြန်ပေးဆွဲရမယ့်တာဝန်ကတော့ ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအနေနဲ့ လေဒီကတ်သရင်းကို ပြန်ပေးဆွဲတဲ့ကိစ္စ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သလောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံရေး ဘာသာရေးအရှုပ်အထွေးတွေကြား ဘယ်လောက်ထိ ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie
Medieval (2022)
6.3
Blow the Man Down (2019)
၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါအီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာအမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကိုအပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီးမြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်းထိုလူရဲ့ကားနောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကိုတွေ့လို့ အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးနောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှကလေးမတစ်ယောက်အလောင်းဟာကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ...အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ် File Size : ( 856 MB , 267 MB) Quality : WEB-DL 720p Running Time : 1 hr 31 min Format : Mp4 Genre : Comedy , Drama , Mystery Subtitle : Myanmar Subtitle (Hard ...
movie
Blow the Man Down (2019)
5.2
Waiting for the Miracle to Come(2018)
Waiting for the Miracle to Come(2018)IMDb...5.2ကောင်မလေးတစ်ယောက်ဟာ သေဆုံးသွားသောသူ့ဖခင်ရဲ့ အုတ်ဂူရှေ့မှာ ထိုင်နေတယ်..၀မ်းနည်းပူဆွေးနေတဲ့ ဒီကောင်မလေးလက်ထဲမှာလည်းစာတစ်စောင်နဲ့..ဒီစာကတော့ သူ့ဖခင်မသေခင်ပေးသွားတဲ့စာလေးဖြစ်ပြီး စာထဲမှာပါတဲ့အကြောင်းအရာတွေကတော့မြို့တစ်မြို့ကို သွားပြီး လူနှစ်ယောက်နဲ့သွားတွေ့ဖို့ပါ..အဲ့ဒီမှာ သမီးလေးရှာနေတဲ့ရွှေတွေလည်းရှိသတဲ့...သမီးလေးအဖို့ ဖအေက အသေအချာမှာခဲ့လေတော့ ဘာပဲဖြစ်ဖြစ် သွားဖို့ဆုံးဖြတ်လိုက်တယ်...ဖခင်ဖြစ်သူက ဘာလို့သွားဖို့အသေအချာမှာခဲ့တာလဲ...သူမရော ဘယ်လိုတွေကြုံရမလဲ...ရွှေဆိုတာကရော တကယ်ရွှေတွေရှိတာလား ဘာကြောင့်လဲဆိုတာခံစားကြည့်လိုက်ပါဦး...File Size : (757 MB) and (318 MB) Quality : Blu-Ray 720p Format…mp4 Duration…01:18:00 Genre : Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie
2016
6.2
Adore(2013)
Adore(2013)IMDb....6.2ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့ Naomi Watts,နဲ့ Robin Wright တို့ အဓိက ပါဝင်ထားကြပါတယ်....Lil နဲ့ Roz တို့ နှစ်ယောက်က သာယာလှပတဲ့ ကမ်းခြေမြို့လေးတစ်မြို့မှာ အိမ်နီးချင်းတွေ အဖြစ် နေထိုင်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ..ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ...တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ....ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်...သူတို့သားတွေကလည်း အမေနှစ်ယောက်ချစ်ကြသလို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်လာပါတယ်...ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်...သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့...ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား....ဒါတွေကို ကျွန်တော်တော့မသိဘူး ...ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...မှတ်ချက်...မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်...File Size : (900 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie
Adore(2013)
2013
5.7
After the Dark (2013)
After the Dark (2013) ဆိုတဲ့ရုပ်ရှင်ကားလေး အကြောင်းနည်းနည်းပြောပြမယ်ဒီကားကို နောက်နာမည် တစ်မျိုးနဲ့The Philosophers လို့လဲ ခေါ်တယ်တစ်ရက်သော နေ့မှာ ဘာမှ ကြည့်စရာမရှိလို့အဲ့ဒီကားလေးကို သည်းခံကြည့်နေတာအတော်ပျင်းဖို့ ကောင်းတာပါစာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ်ကျောင်းသားတွေရဲ့ philosophy teacher ကကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ)ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်းဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့မြေအောက်ခန်း ရှိနေတယ်ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင်အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ်ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ်ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာကဗျာဆရာ ၊ ...
movie
After the Dark (2013)
2013