Channel Myanmar

Sophie-Louise Craig

Fortunes of War (2024)
Fortunes of War (2024)  ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre... War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

Fortunes of War (2024)

The Adventures of Maid Marian (2022) 4.3
The Adventures of Maid Marian (2022) The Adventures of Maid Marian (2022) =============================ရော်ဘင်ဟုဒ်ဆိုရင် လူတိုင်းသိကြပေမဲ့ မာရီယန်ကိုတော့ လူတိုင်းသိချင်မှ သိကြမှာပါ။ ဒီကားကတော့ မြင်နေကျ ရော်ဘင်ဟုဒ်စွန့်စားခန်းများမဟုတ် ဘဲ ရော်ဘင်ဟုဒ်ပါ၀င်မယ့် သူ့ချစ်သူမာရီယန်ရဲ့ စွန့်စားခန်းတွေကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ မာရီယန်ဟာ သူ့အလှနဲ့သစ္စာကြောင့်တင်မက ရဲစွမ်း သတ္တိကြောင့်လည်း ဟုဒ်အသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ အမျိုးသမီးတစ် ယောက်ပါ။မာရီယန်တစ်ယောက် ဝေးလံတဲ့သီလရှင်‌ကျောင်းတစ်ကျောင်းမှာ ပုန်းအောင်း နေခဲ့ပြီး ၃ နှစ်အကြာမှာ ဘုရင်ရစ်ချတ်သေဆုံးတဲ့သတင်းကို ကြားလိုက်ရ ပါတယ်။ သူ့ချစ်သူရော်ဘင်ဟုဒ်လည်း စစ်ပွဲကပြန်လာပြီဖြစ်တာကြောင့် မာရီယန်ဟာ ခိုလှုံရာကိုစွန့်ပြီး ချစ်သူနဲ့ အပြေးလေးတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူတို့တွေ့ဆုံတဲ့ တောထဲမှာပဲ ရော်ဘင်ဟုဒ်ကို ကလဲ့စားချေမယ့်သူနဲ့တိုးမိပါတော့တယ်။ လူအင်အား မမျှတာ ကြောင့် ထွက်ပြေးခဲ့ရပါတယ်။ ဟု‌ဒ်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိချိန် မှာတော့ အသက်ရှင်လွတ်မြောက်ရေးဟာ မာရီယန့်ခေါင်းပေါ် ပုံကျလာပါတယ်။ ရဲရင့်ပေမဲ့ အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်သာဖြစ်တဲ့ မာရီယန်တစ်ယောက် ထွက်ပြေးလွတ်မြောက်ပါ့မလား၊ ဒဏ်ရာရနေတဲ့ချစ်သူကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုလှည့်စားမှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့် လိုက်ကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.47 GB) / (805 ...
movie

The Adventures of Maid Marian (2022)

2022