Channel Myanmar

Sophie Froissard

Cocorico (2024)
Cocorico (2024) ဒီတစ်ခါမှာတော့ ပြင်သစ်မိသားစုဟာသဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဖရန်ဆွာနဲ့အဲလစ်တို့ဟာချစ်သူတွေပါ ဖရန်ဆွာရဲ့ဖခင်ဟာမျိုးချစ်တစ်ယောက်ဖြစ်ပြီး ပြင်သစ်ပြည်တွင်းဖြစ်"Peugot"ကားအမျိုးအစားကိုရောင်းအဝယ်လုပ်တဲ့သူပါ အဲလစ်ဖခင်ကတော့ ပြင်သစ်သမိုင်းတစ်လျှောက်မှာ မြို့စားနယ်စားမျိုးရိုးကဆင်းသက်လာတဲ့သြဇာရှိတဲ့သူဌေးတစ်ဦးပါ သူကလည်း ရာထူးကြီးမိသားစုကဆင်းသက်လာရတဲ့အတွက် အင်မတန်ဂုဏ်ယူနေသူတစ်ဦးပါတစ်နေ့မှာ ဖရန်ဆွာနဲ့အဲလစ်တို့ဟာ လက်ထပ်တော့မှာဖြစ်တာကြောင့် နှစ်ဖက်မိဘတွေကိုပေးတွေ့ပါတော့တယ် ပေးတွေ့တဲ့အခါမှာလည်း ရိုးရိားပေးမတွေ့ဘဲ အပျော်လေးဖြစ်သွားအောင်ဆိုပြီး မိဘတွေကဘယ်လူမျိုးဖြစ်မလဲဆိုတာသိရဖို့ မျိုးနွယ်ရင်းဇစ်မြစ်ကိုသိနိုင်မယ့်ဒီအန်အေဆေးစစ်ချက်တွေကိုလက်ဆောင်အနေနဲ့ပေးပါတယ် ပျော်စရာကောင်းအောင်ဆိုပြီး အဲ့လိုလုပ်လိုက်မှပဲ မထင်ထားတာတွေဖြစ်လာပြီး ပြဿနာမီးတွေပေါ်ပေါက်လာပြီး ပြင်သစ်လူမျိုးဖြစ်ရတာကိုဂုဏ်ယူနေကြတဲ့လူနှစ်ယောက် သူတို့ရဲ့ဒီအန်အေဆေးစစ်ချက်တွေမှာ သူတို့ဟာ 100%ပြင်သစ်စစ်စစ်ဖြစ်မနေတဲ့အခါ..... ဘယ်လိုတွေလောင်ကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်File size…(1.3 GB)/(754 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Cocorico (2024)

The Family (2013) 6.3
The Family (2013) The Family (2013)_____IMDb - 6.3/10    နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့.....   ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်...    File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie

The Family (2013)

2013