Channel Myanmar

Sophie Cordin

Cocorico (2024)
Cocorico (2024) ဒီတစ်ခါမှာတော့ ပြင်သစ်မိသားစုဟာသဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဖရန်ဆွာနဲ့အဲလစ်တို့ဟာချစ်သူတွေပါ ဖရန်ဆွာရဲ့ဖခင်ဟာမျိုးချစ်တစ်ယောက်ဖြစ်ပြီး ပြင်သစ်ပြည်တွင်းဖြစ်"Peugot"ကားအမျိုးအစားကိုရောင်းအဝယ်လုပ်တဲ့သူပါ အဲလစ်ဖခင်ကတော့ ပြင်သစ်သမိုင်းတစ်လျှောက်မှာ မြို့စားနယ်စားမျိုးရိုးကဆင်းသက်လာတဲ့သြဇာရှိတဲ့သူဌေးတစ်ဦးပါ သူကလည်း ရာထူးကြီးမိသားစုကဆင်းသက်လာရတဲ့အတွက် အင်မတန်ဂုဏ်ယူနေသူတစ်ဦးပါတစ်နေ့မှာ ဖရန်ဆွာနဲ့အဲလစ်တို့ဟာ လက်ထပ်တော့မှာဖြစ်တာကြောင့် နှစ်ဖက်မိဘတွေကိုပေးတွေ့ပါတော့တယ် ပေးတွေ့တဲ့အခါမှာလည်း ရိုးရိားပေးမတွေ့ဘဲ အပျော်လေးဖြစ်သွားအောင်ဆိုပြီး မိဘတွေကဘယ်လူမျိုးဖြစ်မလဲဆိုတာသိရဖို့ မျိုးနွယ်ရင်းဇစ်မြစ်ကိုသိနိုင်မယ့်ဒီအန်အေဆေးစစ်ချက်တွေကိုလက်ဆောင်အနေနဲ့ပေးပါတယ် ပျော်စရာကောင်းအောင်ဆိုပြီး အဲ့လိုလုပ်လိုက်မှပဲ မထင်ထားတာတွေဖြစ်လာပြီး ပြဿနာမီးတွေပေါ်ပေါက်လာပြီး ပြင်သစ်လူမျိုးဖြစ်ရတာကိုဂုဏ်ယူနေကြတဲ့လူနှစ်ယောက် သူတို့ရဲ့ဒီအန်အေဆေးစစ်ချက်တွေမှာ သူတို့ဟာ 100%ပြင်သစ်စစ်စစ်ဖြစ်မနေတဲ့အခါ..... ဘယ်လိုတွေလောင်ကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်File size…(1.3 GB)/(754 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Cocorico (2024)