Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sonoya Mizuno
6.5
Am I OK? (2024)
Am I OK? ရုပ်ရှပ်ပိုစတာကမင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.55GB / 542MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Drama , ...
movie
Am I OK? (2024)
Civil War (2024)
A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie
Civil War (2024)
4K HEVC
6.7
Shortcomings (2023)
လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာကတခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်းအဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာအကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီးလူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက်အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက်သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့်အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက်မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာအဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာမကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။ File size…1.76 GB / 617MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard ...
movie
Shortcomings (2023)
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC
6.3
Men (2022)
Men (2022)~ IMDb - 6.3/10, Rotten Tomatoes - 69% ~A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X ...
movie
Men (2022)
2022
7.5
Crazy Rich Asians (2018)
ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူးဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ ...
movie
Crazy Rich Asians (2018)
2018
7.2
Beauty and the Beast (2017)
ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie
Beauty and the Beast (2017)
2017
5.7
The Domestics (2018)
ဒီဇာတ်လမ်းလေးကတော့ Horror/ Thriller/Film Noir အမျိုးအစားဖြစ်ပါတယ်။IMDB 5.7 ရထားပြီးတော့ ဒီဇာတ်လမ်းမှာ လူတွေရဲ့ လုပ်ရပ်ကြောင့် ဒီကမ္ဘာကြီးဘယ်လောက်ဆိုးရွားပျက်ဆီး ကပ်ဆိုက်နေပြီလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မာခ့် ဆိုတဲ့ လူတစ်ယောက်ဟာ ကွာရှင်းပြီးသား သူ့မိန်းမနဲ့ ပြန်လည်ပေါင်းထုတ်ဖို့ သူ့မိန်းမကို သွားခေါ်တာကနေစပြီး သူတို့နှစ်ယောက် အတူတူ ခရီးထွက်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ကမ္ဘာကြီးမှာ အကြင်နာတရားတွေ ကိုယ်ချင်းစာမှုတွေ မရှိတော့တဲ့ လူ့သရဲတွေ များပြားလာတဲ့အခြေအနေနဲ့ အစာ ရှားပါးဘေးကပ်ဆိုက်နေလို့ လူလူချင်းပြန်စားနေကြရတဲ့အခြေအနေမှာ ခရီးတစ်ခုထွက်ဖို့ဆိုတာ အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပါပဲ။အဲ့တော့ သူတို့နှစ်ယောက်ဟာ တကယ်ရော အချစ်ဆိုတဲ့အရာရှိသေးလို့ ပြန်လည် ပေါင်းထုတ်ကြတာလားသူတို့ကရော အဲ့ဒီ လူ့သရဲ လူမိုက်ဂိုဏ်းတွေ လက်ခုပ်ထဲကရေလိုပဲ သေသွားရမှာလားဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားကို သဲထိတ်ရင်ဖို ဇာတ်လမ်းအဆုံးထိကြည့်ရမှာဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Brilliant Star ပါ) File Size : (700 MB) and (280 MB) Quality ...
movie
The Domestics (2018)
2018
6.4
High Strung (2016)
High Strung (2016) IMDb - 6.4/10_____Rotten - 75% High Strung ဇာတ်ကားသည် IMDb(6.4) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။ ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။ Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။ တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။ ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ...
movie
High Strung (2016)
2016