Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sônia Braga
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
The Milagro Beanfield War (1988)
Rt-61 ~ IMDb-6.81988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ...
movie
The Milagro Beanfield War (1988)
5.8
Shotgun Wedding (2023)
Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie
Shotgun Wedding (2023)
2023
6.1
Bordertown (2006)
Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မကောင်းတဲ့ အစိုးရရဲ့ လက်အောက်မှာ အမျိုးသမီးတွေ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှုအသက်တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie
Bordertown (2006)
2006
6.5
Fatima(2020)
Fatima(2020)ဇာတ်လမ်းလေးကတော့ ၁၉၁၇ ခုနှစ်တွင် ဖာတီမာမယ်တော်သခင်မ ကိုယ်ထင်ပြသတဲ့အံဖွယ်ဖြစ်ရပ်ကို အခြေခံထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၇ ခုနှစ်ရဲ့နေ့တစ်နေ့ပေါ်တူကီနိုင်ငံ ဖာတီမာဒေသမှာ သိုးထိန်းမလေးလူစီရာနဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်တို့ဟာမွန်မြတ်သောအပျိုစင်မာရီယာရဲ့ဝိညာဉ်တော်မြတ်နဲ့ ကံအားလျော်စွာပဲ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။တကယ်တော့ သူတို့က လူအများကြီးထဲမှ ရွေးချယ်ခံခဲ့ရတာပါ။ ဒီသတင်းက မြို့ထဲပျံနှံ့သွားတဲ့အခါမှာသူတို့တွေက ပထမကမ္ဘာစစ်ရဲ့ဒဏ်ကို ခံစားနေရတဲ့ ယုံကြည်သူများရဲ့ အားကိုးရာ လှုံဆော်ရာဖြစ်လာပေမယ့်ကတ်သလစ်ဘုရားကျောင်းများနဲ့ အစိုးရပိုင်းကလူတွေကတော့ သူတို့ကို အလိမ်အညာဇာတ်လမ်းများဖန်တီးပြီး ဝါဒဖြန့်ဝေသူများအဖြစ် သတ်မှတ်ကြပါတော့တယ်။ ၁၀ နှစ်အရွယ် သိုးထိန်းမလေးလူစီရာဟာအဆိုပါဖိအားတွေကြားကနေ သူ့ရဲ့ ယုံကြည်ရာကို အဆုံးစွန်ထိ ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded ...
movie
Fatima(2020)
8.1
Bacurau (2019)
ဒီကားလေးကတော့ ဘရာဇီးလူမျိုးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ စိတ်ကူးယဥ်ဆန်ဆန်ဒရမ်မာအက်ရှင်ကားလေးတစ်ကားပါ ထရစ်ဇာက သူမအဖွားသေဆုံးသွားတဲ့အတွက်ဘာကူယာရွာလေးကိုရောက်လာခဲ့တယ် သူမအဖွားစျာပနာအခမ်းအနားကိုတက်ရောက်ဖို့ပေါ့ ဇာတ်ကားထဲမှာတော့ ဘာကူယာလို့ခေါ်တဲ့ ကျေးရွာလေးက ဘရာဇီးမှာရှိတယ်လို့စိတ်ကူးယဥ်ပုံဖော်ထားတဲ့ရွာလေးတစ်ရွာပေါ့ ဘာကူယာရွာလေးမှာ သေရေးရှင်ရေးအခက်အခဲတွေရှိနေတယ် ထောက်ပံ့မှုတွေလည်းနည်းလာခဲ့တယ် နောက်ပြီးဖုန်းလိုင်းတွေလည်းမမိတော့ဘူးဖြစ်ခဲ့တယ် အကျင့်ပျက်ခြစားနေတဲ့အစိုးရကလည်း ရွာလေးကို ပစ်ပယ်ခဲ့တယ် ဘာကူယာရွာလေးဟာ မြေပုံထဲကနေဖျောက်ဖျက်ခံလိုက်ရတယ် နောက်ပိုင်းမှာရွာလေးဟာဘယ်လိုအဖြစ်ဆိုးတွေနဲ့ကြုံတွေ့ခဲ့လဲ ရွာမှာရှိတဲ့နယ်ခံတွေကရောဒီအဖြစ်ဆိုးတွေကနေဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပဟေဠိဆန်ဆန်ကြည့်ရှု့ရမှာပါ File Size : ( 1 GB , 459 MB ) Quality : WEB-DL 720G Running Time : 2 hr 11 min Format : Mp4 Genre : Action , Mystery , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Lei Encoded by ...
movie
Bacurau (2019)
2019
4.8
From Dusk Till Dawn 3: The Hangman’s Daughter (1999)
ဒီဇာတ်ကားကတော့ ပထမနှစ်ကားရဲ့ မြစ်ဖျားခံရာ အကြောင်းကို ဖော်ထုတ်ပေးတဲ့ ကားပါပဲ။Action,Horror,Crime အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 4.8 ပါ။နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဘုရားမဲ့ဝါဒီ Ambrose Bierce တစ်ယောက်ဒေသခံပုန်ကန်သူခေါင်းဆောင်ထံကိုသွားရင်းတရားဟောဆရာ Newlie နဲ့ သူ့ရဲ့ဇနီးတို့နဲ့အတူခရီးသွားဖြစ်ကြပါတယ်။ကြိုးဆွဲချအသတ်ခံရလုဆဲဆဲအခြေအနေကဓားပြ Madrid တစ်ယောက်သူ့ကိုကြိုးဆွဲချမယ့် ပါးကွက်သားရဲ့အနှိပ်စက်ခံသမီးလေး နဲ့အတူလွတ်မြောက်လာပြီးသူ့ကိုကယ်ခဲ့တဲ့ကလေးတစ်ယောက် Reesce နဲ့အတူ Ambrose တို့ကိုဓားပြတိုက်ခဲ့ရာက အလွဲအမှားတွေဖြစ်ပြီး မရောက်သင့်တဲ့တစ်နေရာကိုရောက်ရှိသွားပါတယ်။သူတို့တွေ အတူလက်တွဲပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအတူရင်ဆိုင်နိုင်မလားဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်ပြန်ရန်ရှာပြီးပဲ သတ်မိကြမလားဆိုတာကတော့... File size…(850MB) Quality…BR-Rip 1080p Format…mp4 Duration….01:33:49 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn 3: The Hangman’s Daughter (1999)
1999
8.0
Wonder (2017)
Wonder (2017) IMDb - 8.0/10_____Rotten - 85% ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie
Wonder (2017)
2017