Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Song Kang-ho
6.8
The Face Reader (2013)
The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ)File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie
The Face Reader (2013)
2013
6.0
The Drug King(2018)
The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie
The Drug King(2018)
2018
6.9
The Foul King (2000)
The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/SportI Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , ...
movie
The Foul King (2000)
7.0
Cobweb(2023)
Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho Im Soo Jung Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့ တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့ ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie
Cobweb(2023)
7.7
Joint Security Area (2000)
Joint Security Area (2000) (အညွှန်း) =========================မင်းသား Lee Byung Hun နဲ့ ချန်ဂင်လို့ လူသိများကြတဲ့ မင်းသမီး Lee Young Ae တို့ပါဝင်ထားကြပြီး ၂၀၀၀ ခုနှစ်ရဲ့ Blue Dragon Film Award နဲ့ ၂၀၀၁ ခုနှစ်ရဲ့ Grand Bell Award စတဲ့ဆုကြီးတွေအပြင် တခြားသောဆုတွေကိုပါဆွတ်ခူးထားတဲ့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယားတောင်မြောက်နှစ်နိုင်ငံကြားစစ်မဲ့ဇုန် (JSA) အတွင်း မြောက်ကိုရီးယားတပ်သားနှစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ပဋိပက္ခတွေအစပျိုးနေပြီး အခန့်မသင့်ရင်စစ်မက်ဖြစ်ပွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ရှင်မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် အမေရိကန်လည်းဝင်ပါလာရမှာဖြစ်သလို ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးမို့ NNSC (နှစ်နိုင်ငံကြားကြီးကြပ်ရေးကော်မရှင်) က ဦးဆောင်ပြီး ဆွစ်ဇာလန်က ဥပဒေအရာရှိဗိုလ်မှူး ဆိုဖီဂျန်းကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ များသောအားဖြင့် အမှုတွေလို တရားခံရှာရတာမျိုးမဟုတ်ဘဲ တရားခံကိုသိထားပြီး အမှုဖြစ်ရတဲ့အကြောင်းအရင်းကိုဖော်ရတဲ့ဒီအမှုရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းအမှန်ကဘာဖြစ်မလဲ .. အများသိထားကြသလို တောင်ပိုင်းကစစ်သားက မြောက်ပိုင်းကိုပြန်ပေးဆွဲခံရလို့ထွက်ပြေးလာရင်းဖြစ်တဲ့အမှုလား ဒါမှမဟုတ် တခြားနောက်ကွယ်မှာ ဘာတွေရှိဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File ...
movie
Joint Security Area (2000)
2000
7.1
The Host(2006)
The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး ဒါရိုက်တာကလည်း Parasite တို့ Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့ Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie
The Host(2006)
6.5
Shiri (1999)
Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 720p | 480p File size…2GB | ...
movie
Shiri (1999)
1999
7.1
Emergency Declaration (2022)
Emergency Declaration (2022)အညွှန်း*******************************************ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်...Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်...အဲ့ဒီ လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာတော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်လာတော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအနေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို ...
movie
Emergency Declaration (2022)
2022
7.5
Broker(2022)
Broker(2022) အညွှန်း ****************** IMDb...7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်... မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ... ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ...သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် ... So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ ...
movie
Broker(2022)
7
The Quiet Family (1998)
The Quiet Family (1998) ~ IMDb - 7/10, Rotten Tomatoes - 80% ~Directed By Kim Jee Won" There is a lot of extreme emotion in Korean film. It's because there are a lot of extremes in Korean society. " ဆိုတဲ့ ဘွန်းဂျွန်းဟို စကားအတိုင်း ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟိုတို့ဟာ ကိုရီးယားရဲ့ဘ၀တွေကို မသိမသာရော သိသိသာသာပါ ထင်ဟပ်နေတဲ့ Horror/Thriller ကားတွေကို ရိုက်ခဲ့ကြ ကမ္ဘာနဲ့ချီအောင် အောင်မြင်ခဲ့ကြပါတယ်။တောင်ကိုရီးယားရဲ့ Horror/Thriller လိုင်းမှာ ဆရာ့ဆရာကြီး ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟို တို့ပြီးရင် Kim Jee ...
movie
The Quiet Family (1998)
1998
7.3
The Good, the Bad, the Weird (2008)
IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie
The Good, the Bad, the Weird (2008)
2008
7.1
The Throne(2015)
2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB / Quality…1080p Blu Ray DTS 5.1Ch / Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie
The Throne(2015)
2015
8.1
Memories of Murder (2003)
IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie
Memories of Murder (2003)
2003
7.1
Snowpiercer (2013)
ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie
Snowpiercer (2013)
7.9
A Taxi Driver (2017)
A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96% IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie
A Taxi Driver (2017)
2017
7.0
Green Fish (1997)
[Unicode]Green Fish (1997) ============== IMDB Rating. = 7 out of 10 Rotten Tomatoes. = Not Yet Available Directed By Lee Chang DongGreen Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင် " တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း"ပါပဲ။ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။ ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။ ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ"။ Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့် လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။ဟိုသီချင်ဟောင်းကလေးထဲကလို "ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားများတွေနဲ့လူ မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာတွေ ကျန်ခဲ့တဲ့လူ" ဒီလိုလူတစ်ယောက် ...
movie
Green Fish (1997)
7.5
Secret Sunshine (2007)
[Unicode]Secret Sunshine ( 2007) ===================IMDB Rating. . = 7.5 out of 10 Rotten Tomatoes. . = 94 out of 100 Directed By Lee Chang Dongနောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာမရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင်လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ...
movie
Secret Sunshine (2007)
6.5
Howling(2012)
Howling(2012)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)ဒီကားထဲမှာတော့ ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Kang-ho Song က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...စုံထောက် ဂျိုဆန်းဂီဟာ မာဖိုရဲစခန်းက စုံထောက်တစ်ယောက်ဖြစ်ပါတယ် ...သူ့ကို အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အမှုသေးတွေပဲ ပေးကိုင်လေ့ရှိပါတယ် ...ဒီတစ်ခေါက်မှာလည်း ဆေးသမား တစ်ယောက် ကားထဲမှာ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့အမှုကို သူ့ကိုပေးကိုင်ထားပါတယ်...အဲ့ဒီ့အပြင် အသစ်ရောက်လာတဲ့ မိန်းကလေးစုံထောက် ချာအွန်ယောင်းနဲ့လည်း အလုပ်တွဲလုပ်စေခဲ့ပါတယ်...အမှုသေးလို့ထင်ရတဲ့ ဒီလူသေမှုဟာ လူသေမှု မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့ အပြင် ကွင်းဆက်လူသတ်မှုကြီးတစ်ခုပါဆက်ဖြစ်နေတဲ့အခါမှာတော့...မှုခင်းအက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size :(2.01GB) (900 MB) and (320 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Action ,Thriller Subtitle : ...
movie
Howling(2012)
6.9
The Show Must Go On (2007)
[Unicode]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက် ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်...တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့ တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက် ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( 999 MB , 350 ...
movie
The Show Must Go On (2007)
8.6
Parasite (2019)
(Unicode)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File ...
movie
Parasite (2019)
2019
1
2
Next