Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Somchai Kemglad
The Adventures (2023)
The Adventures (2023) (အညွှန်း) ========================My Ambulance နဲ့ Happy Old Year တို့လို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Sunny Suwanmethanont နဲ့ မင်းသမီးချောလေး Chacha Matcha Mosimann တို့ရဲ့ rom-com ကားသစ်လေး ရပါပြီ။ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်တဲ့ အတွင်းရေးမှူးမလေး “Joe” က စွန့်စားခန်းဝတ္ထုတွေဖတ်ရတာ စွန့်စားခရီးသွားရှိုးတွေကြည့်ရတာကို ကြိုက်နှစ်သက်ပြီး လက်တွေ့ဘဝနဲ့မတူဘဲ သူ့ဘဝကိုဝတ္ထုဆန်ဆန်စွန့်စွန့်စားစားနေချင်တဲ့အိပ်မက်ရှိသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း “Ricky” က သူဌေးတွေကို ရှေးဟောင်းပစ္စည်းတွေပြန်ရောင်းတဲ့အလုပ်နဲ့အသက်မွေးနေသူတစ်ယောက်ပေါ့။ဒီလိုနဲ့တစ်နေ့မှာ “Joe” တစ်ယောက် သူဌေးဖြစ်သူနဲ့အတူ ရှန်ဟိုင်းကို အလုပ်ကိစ္စခရီးသွားဖို့ဖြစ်လာပါတော့တယ်။ ရှန်ဟိုင်းတစ်ခွင်လျှောက်လည်ရင်း ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ထူးဆန်းတဲ့ရုပ်တုလေးနှစ်ရုပ်ကိုမျက်စိကျသွားရာကနေ “Ricky” တွေ့ဖို့အကြောင်းဖန်လာတာပေါ့။ စစတွေ့ချင်းမှာပဲ မပြေလည်မှုနဲ့စလာတဲ့ သူတို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ .. ဘာတွေလွဲဦး ခွီရဦးမလဲဆိုတာကိုကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Thai Team ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p ...
movie
The Adventures (2023)
2023
5.2
Kitty The Killer (2023)
Kitty the killer (2023)ထိုင်းရုပ်ရှင်တွေထဲကမှ ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ထိုင်းအက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ 2023 မှာထွက်ရှိလာတဲ့ ဒီဇာတ်ကားက မြင်နေကျ ထိုင်းရုပ်ရှင်ကားတွေမတူတဲ့ ဇာတ်အိမ်နဲ့ ကောင်းမွန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါရှိတာမို့ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်သူတွေအဖို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။လျှို့ဝှက်အေဂျင်စီတွေကနေ အမျိုးသမီးငယ်တွေကို အထူးလေ့ကျင့်ပေးပြီး "ကစ်တီ" လို့ အမည်ဝှက်ပေးထားခဲ့ကြပါတယ်။ "ကစ်တီ" တွေကို ထိန်းချုပ်တဲ့သူကိုတော့ "အုပ်ထိန်းသူ" လို့ ခေါ်ကြပြီး၊ သူတို့က အေဂျင်စီတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေပါပဲ။တစ်နေ့မှာ ရှားပါးပစ္စည်းဟောင်းတွေထဲကနေ ဆန်းကြယ်တဲ့ကျောက်တစ်မျိုး ပေါ်လာခဲ့ပြီး အေဂျင်စီတိုင်းက ထိုအရာကို အရယူဖို့ ကြိုးစားလာကြတဲ့အခါ.... ဒီအရှုပ်ထဲ ဘုမသိဘမသိပါသွားသူ မောင်ချာလီကရော သေနတ်တကားကားကြား ဘယ်လို ရှင်သန်အောင် ကြိုးစားရမလဲ။ "ကစ်တီ" တွေနဲ့ အေဂျင်စီတွေကြား၊ "အုပ်ထိန်းသူ" တွေကြားက ချုပ်နှောင်ထားတဲ့ကြိုးတွေအကြောင်းကိုပါ ဇာတ်ကားတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အပြည့် ကြည့်ရှုရမှာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Su Myat & Thae Thae ...
movie
Kitty The Killer (2023)
2023
Tid Noi: More Than True Love (2023)
Tid Noi : More than true love (2023) ===========“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်?ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် ...
movie
Tid Noi: More Than True Love (2023)
2023
Fearless Love (2022)
Fearless Love (2022)ဘယာနက ကင်းတဲ့ ချစ်ခြင်းသတ္တိ ====================================== ချစ်သူတွေက ဘယ်လိုအကြောင်းအရာတွေကြောင့်လမ်းခွဲကြရတာလဲ ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့တစ်နေ့ကျ သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ် သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်း နည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ် သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်။သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကလည်း ဘယ်အချင်းအရာတွေနဲ့တွယ်ငြိလာမလဲဆိုတာရသစုံပါဝင်တဲ့ Fearless loveမှာ ခံစားချက်အမျိုးမျိုးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p | 480p File size… 1.68GB | 897MB | 493MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuityi Tun Encoder ..... August
movie
Fearless Love (2022)
2022
6.8
In the Shadow of the Naga (2008)
ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ်ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ်ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ်ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ်ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် 🔥File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie
In the Shadow of the Naga (2008)
6.4
The Gangster (2012)
ထိုင်းနိုင်ငံမှာ လူမိုက်ဂိုဏ်းတွေ အရမ်းနာမည်ကြီးနေတဲ့ခေတ်မှာပေါ့ အဲ့ခေတ်တုန်းက ဂျော့စ်နဲ့ဒျန်ဆိုတဲ့လူမိုက်ကို မသိတဲ့လူခပ်ရှားရှားပါပဲသူတို့ကလူမိုက်ဆိုပေမဲ့ တခြားဂိုဏ်းတွေနဲ့မတူပါဘူး ပြည်သူတွေကိုအနိုင်မကျင့်တဲ့အပြင် တစ်ခါတလေ ကူညီပါသေးတယ် လူမိုက်လောကဆိုတဲ့အတိုင်းပါပဲ အာဏာလုတာတွေရှိမယ် အတိုက်အခိုက်တွေရှိမယ် မနာလိုတာတွေရှိမယ်မမျှော်လင့်ဘဲ တနေ့မှာ ဗိုလ်ကြီးဂမ်နင်ရောက်လာပြီး ရှိသမျှလူမိုက်ဂိုဏ်းတွေကိုဖမ်းဆီးပါတော့တယ် နာမည်ကြီးလူမိုက်ဆိုတဲ့ ဂျော့စ်အပါအဝင်ပေါ့ ဂျော့စ်ဟာ ထောင်လေးနှစ်ကျခဲ့ပါတယ် ဒျန်ကတော့ မတော်တဆကားမှောက်ပြီးသေသွားခဲ့ပါတယ်ဂျော့စ်ထောင်ကနေထွက်လာပြီးနောက်ပိုင်း လူမိုက်ဂိုဏ်းလောကမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေကြမ်းမလဲ ဘယ်လိုတွေသတ်ဖြတ်ကြမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူရအောင်နော် 🔥( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(1.1GB) Quality__720p IMDb Rating__6.4/10 Format__mp4 Duration__01:48:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie
The Gangster (2012)
6.3
Killer Tattoo (2001)
ဒီကားလေးကတော့ 2001 ကထွက်ရှိခဲ့ပြီး 6.3 IMDb ရရှိခဲ့တဲ့ကားလေးပါ အဓိကဇာတ်ဆောင်ငါးယောက်က ကြေးစားလူသတ်သမားတွေအဖြစ် ဇာတ်အိမ်ဖွဲ့ထားပါတယ်အသံတိတ်လူသတ်သမားအဖြစ် Somchai Kemglad ထောင်ထွက်ကျွဲကြီးအဖြစ် Suthep Po-ngam မိန်းမချစ်တဲ့ ကိုဆံရှည်အဖြစ် Sornsutha Klunmalee ဗုံးသုံးကျွမ်းတဲ့ မား(ကိုခွေး)အဖြစ် Mum Jokmok ထိုင်းအဲဗစ်ပရက်စလေအဖြစ် Pongsak Pongsuwan ပါဝင်ထားကြပါတယ်ထိုင်း Comedian တွေကို အများဆုံးသုံးထားတာကြောင့် အက်ရှင်ကားပေမယ့် မပေါတဲ့ ဟာသလေးတွေပါ ကြည့်ရှုရမှာပါ Plot ကလည်း ပျင်းစရာမကောင်းပဲ စိတ်ဝင်စားစရာကောင်းတာကြောင့် အချိန်ပေးကြည့်ရတာ တန်မယ့် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ဒီဇာတ်ကားက အောင်မြင်ခဲ့တာကြောင့် သူ့ထဲက ကြေးစားလူသတ်သမားတွေရဲ့ အဆက်အဖြစ်Saturday Killer (2010) နဲ့ Friday Killer (2011) ဇာတ်ကား ၂ ကား ဆက်ထွက်ခဲ့ပါတယ်။အဲ့ကားတွေလဲ အချိန်ရရင် ဘာသာပြန်တင်ဆက်သွားပါ့မယ်။ File size…(1.7 GB) and (400 MB) Quality…DVDRip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Suzy Jirakit ...
movie
Killer Tattoo (2001)
6.4
Bikeman 2 (2019)
[Unicode]Bikeman2 လေးကတော့ ကျိုင်နဲ့စက်(ဂ်)ကရင်ရဲ့အချစ်ရေးအကြောင်းကို ရိုက်ပြထားတာပါ ၊ ကျိုင်အဖေဟာ သူ့သမီးကိုအရမ်းချစ်တယ်အလုပ်အကိုင်ခိုင်မြဲပြီး ကောင်းမွန်တဲ့လက်တွဲဖော်နဲ့တွေ့စေချင်တာ ဒါကြောင့် သူ့သူငယ်ချင်းရဲ့သားနဲ့ပေးစားဖို့လုပ်တော့ ကျိုင်က ချစ်သူရှိပြီလိုငြင်းဆိုပြောလိုက်ပါတယ် ။ကျိုင်အဖေက သူ့ချစ်သူကိုလာပြပါလို့ ပြောတော့ ကျိုင်ဟာသူ့သူငယ်ချင်း စက်(ဂ်)ကရင်ကို ဟန်ဆောင်ချစ်သူလုပ်ဖို့အကူညီတောင်းပြီး သူ့အဖေဆီသွားတွေ့ပါတော့တယ် ။ ဒါပေမယ့် စက်(ဂ်)ကရင်က ကျိုင်အဖေဖြစ်ချင်တာတွေနဲ့ တခြားစီဖြစ်နေလို့ ကျိုင်ရဲ့ချစ်သူကိုသဘောမကျပါဘူး...စက်(ဂ်)ကရင်တစ်ယောက် သူ့အမျိုးတွေနဲ့ ကျိုင်အဖေ့ကို ဘယ်လိုရင်ဆိုင်မလဲ ကျိုင်အဖေ့စိတ်ကိုရော အနိုင်ယူနိုင်မလား သူငယ်ငယ်ကတည်းက တိတ်တခိုးချစ်ခဲ့ရတဲ့ ကျိုင်ရဲ့စိတ်ကိုရော အနိုင်ယူနိုင်မလား သိချင်ရင်တော့ Bikeman2 လေးမှာ ဆက်ကြည့်လိုက်ရအောက်နော် အရမ်းရယ်ရတဲ့ကားလေးမို့ လုံးဝလက်မလွှတ်သင့်တဲ့ကားပါနော်...။( အညွှန်းရေးသားထားတာကတော့ Nang Mwe Kham ဖြစ်ပါတယ် ) စက်(ဂ်)ကရင် အဖြစ် Peach Pachara Chirathivatကျိုင် အဖြစ် Fon Sananthachat Thanapatpisalပရီချာ အဖြစ် Kom Chauncheunဆတ်ဒါ အဖြစ် Tao Somchai Khemglad ...
movie
Bikeman 2 (2019)
Spicy Beauty Queen of Bangkok 2 (2012)
ထိုင်းဟာသ ဇာတ်မြူးလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေ Oh My Ghost ကြည့်ဖူးသူများအတွက်ဒီ ကားထဲက မိန်းမလျှာ ဇာတ်ဆောင်များနဲ့ သိပ် စိမ်းမှာမဟုတ်ပါဘူးဒီဇာတ်ကားလေးရဲ့ဇာတ်အိမ်ကို ဆေးရုံတစ်ခုကို လိင်ပြောင်းခွဲစိတ်ရန် မိန်းမလျှာတစ်သိုက်ဟာ ရောက်ရှိလာပါတယ် အဲ့ဒီအချိန်မှာပဲ ဘတ်စ်ကားတစ်စီးပေါ်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ သေနတ်မှန်သွားတဲ့ လူငယ်တစ်ယောက်ကို အသတ်အချိန်မှီကယ်ရန် အစ်ကိုဖြစ်သူနဲ့ သူငယ်ချင်းတွေကလဲ အဆိုပါဆေးရုံကိုပဲရောက်ရှိလာပါတယ် ……ညီဖြစ်သူအတွက် ပိုက်ဆံလိုတဲ့အခါမှာတော့ အစ်ကို ဖြစ်သူက ပိုက်ဆံအတွက် နည်းလမ်းတစ်ခုရှာပါတယ် အဲ့ဒီနောက်မှာ ဓါးပြ တိုက်ပြီး ထိုဆေးရုံကိုပဲလက်နက်တွေနဲ့ ရောက်လာတဲ့ ဓါးပြ နှစ်ယောက်……… ဒီလူတွေ ဆေးရုံတစ်ခု ထဲမှာပဲ ပိတ်မိတွေ့ဆုံတဲ့အခါမှတော့ တစ်ကားလုံး ဟာသဇာတ်မြူး ဇာတ်ကွက် များနဲ့ ကြည့်ရသူကို တစ်ဝါးဝါးတစ်ဟားဟားနဲ့ မပျင်းရစေအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်မြူးလေးများနဲ့ စိတ်လက်အပန်းပြေစေဖို့ ကြည့်ရှုရန်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်းပါရစေ………ထွက်ရှိလာတဲ့ စာတန်းထိုးဖိုင်က မပြည့်စုံမှူတွေရှိတာကြောင့် တစ်ခြားနေရာတွေမှာ စာတန်းမထိုးခဲ့တာများရှိရင် သည်းခံ ...
movie
2012