Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sofie Torp
The Little Alien (2022)
ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ ...... အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Animation, Adventure,, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie
The Little Alien (2022)
6.3
Hygge! (2023)
အခန်းတစ်ခန်းမှာ လူ ၇ ယောက် ဒင်နာအတူစားကြရင်း စကားထိုင်ပြောကြတဲ့ ဒိန်းမတ်စကားပြော comedy/drama ရုပ်ရှင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း..."ပီတာ" နဲ့ "ဟယ်လင်" တို့ လူချမ်းသာ လင်မယားနှစ်ယောက်ရဲ့အိမ်ကို ညီငယ်ဖြစ်သူ "နီကိုလပ်" နဲ့ သူ့ချစ်သူ "လော်ရာ"ကိုမာဝင်နေတဲ့ ပီတာ့ရဲ့ညီတစ်ယောက်ဖြစ်တဲ့ "ဂျက်စပါ"ရဲ့ ချစ်သူ "အရီကာ"ပီတာ့မိန်းမ ဟယ်လင်ရဲ့ မောင်လေး "ဖက်ဘ်" နဲ့ သူ့ရဲ့ လိင်တူချစ်သူ "အီဘာ" တို့...ကိုမာဝင်နေတဲ့ ဂျက်စပါ့အတွက် မွေးနေ့ဆုတောင်းပွဲလေး လုပ်ပေးဖို့ ကိုယ်စီရောက်လာကြပါတယ်ပီတာတို့လင်မယားက ကျိကျိတက်ချမ်းသာတော့ ဧည့်သည်တွေကိုလည်း အကောင်းဆုံးဝိုင် စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံရင်း လော်ရာက ကစားနည်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်ကိုယ့်ရဲ့ဖုန်းကို စားပွဲပေါ်တင်ထားပြီး အဝင်ကောလ်မှန်သမျှကို စပီတာ ဖွင့်ပေးရမဲ့အပြင် မက်ဆေ့ဂျ်တွေကိုလည်း အသံထွက်ဖတ်ပြရမှာပါ ဒီလိုနဲ့ ပျော်စရာကောင်းမယ်ထင်တဲ့ ကစားနည်းလေးကနေ သူတို့ ၇ ယောက်ရဲ့ လျှို့ဝှက်ချက်တွေ အလီလီ ပေါ်လာပြီး အရှက်တကွဲ အကျိုးနည်းဖြစ် ...
movie
Hygge! (2023)
6.3
A Taste of Hunger (2021)
လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်းကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေမိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကိုပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထားတာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကိုအရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေးတစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေစကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်းကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကိုရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်းနေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ...
movie
A Taste of Hunger (2021)
6.0
Wildland (2021)
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို မကောင်းတဲ့ လူတွေနဲ့ အနေကြာလာတဲ့အခါ ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မကောင်းမှုမှာ မွေ့လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုးနေလို့လား ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီးနေလို့လား...ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့ ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး 2020 ဘာလင်ရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့သလို Critic များစွာရဲ့ Reviewကောင်းတွေကို ရရှိထားပါတယ်၊ကြည့်ရှုသူတွေက ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့ 93% အထိ ရှိနေတဲ့အတွက် ကြည့်ရှုသူအပေါ် မူတည်ပြီး အကြိုက်တွေ့မှု၊ မတွေ့မှုတွေမှာ ဝိဝါဒကွဲပြားတာတွေတော့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ တွေးရင် တွေးသလောက် မေးခွန်းများစွာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိမယ့် ဇာတ်ကားဆိုတာတော့ သေချာပါတယ်၊ဆေးစွဲနေတဲ့မိခင်ဖြစ်သူရဲ့ ကားမတော်တဆမှုကြောင့် အသက်၁၇နှစ်သာ ရှိသေးတဲ့ Idaဆိုတဲ့မိန်းကလေးဟာ အဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွားနေထိုင်ရပါတယ်၊ အဒေါ်မိသားစုဟာ သူ့အပေါ်အရမ်းကောင်းပြီး တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်တွေက ဟန်ဆောင်မျက်နှာဖုံး ဖြစ်နေခဲ့သလို သူတို့ရဲ့အသက် မွေးဝမ်းကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ် နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်နေတဲ့အခါIdaရဲ့အကျင့်စရိုက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ တစ်နေ့မှာ သူတို့ရဲ့အလုပ်ကနေ ဒုစရိုက်မှုတစ်ခုအဖြစ် ပြောင်းသွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ.....ဒီရုပ်ရှင်ကားဟာ ...
movie
Wildland (2021)