Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sofie Gråbøl
7.6
Rose (2023)
ဒိန်းနစ်ရုပ်ရှင်ကား Rose ဟာ ညီအမနှစ်ယောက်ဖြစ်တဲ့ Inger နဲ့ Ellen အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး ပဲရစ်ကိုသွားတဲ့ ခရီးတစ်လျှောက် ညီအမနှစ်ယောက်ရဲ့ဖြစ်ရပ်တွေကို ရိုက်ကူးပေးထားတာပါ။Inger ဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါကို ခံစားနေရပြီး ခရီးတစ်လျှောက်လဲ ကားပေါ်မှတခြားခရီးသည်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။ ပဲရစ်ကို ရောက်တဲ့အခါ Inger ရဲ့ အတိတ်ကဖြစ်ရပ်တွေကိုသိလာရပြီး Inger စိတ်ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းတွေကိုပါ သိလာရတယ်။Rose ရုပ်ရှင်မှာ ညီမဖြစ်သူ Ellen တစ်ယောက် အမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို တွေ့ရမဲ့အပြင် ၁၅၀၀ အချစ်က Inger ကို ဘယ်လိုလူမျိုးဖြစ်သွားအောင် ပြောင်းလဲပေးလိုက်နိုင်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie
Rose (2023)
6.8
The House That Jack Built (2018)
The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size… 4.5 GB / 1.5 GB Quality… ...
movie
The House That Jack Built (2018)
2018
7.5
Flickering Lights (2000)
Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size : 4.5GB, 945MB, 444MB Quality : 1080p Blu-ray AAC ...
movie
Flickering Lights (2000)
2000
5.8
Attachment (2022)
Attachment (2022) =============== IMDb Rating - 5.8/10လီယာနဲ့မာယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အမှတ်မထင် တွေ့ရာကစလို့ စိတ်ချင်းထပ်တူကျပြီး ချစ်သူအဆင့်ထိရောက်သွား ကြပါလေရော။ လီယာ့အိမ်ကို မာယာလိုက်သွားရင်း ယောက္ခမဖြစ် သူနဲ့ ဆုံလိုက်ရတာပေါ့။ လီယာ့အမေဟာ ဘာသာရေးစွဲမိသားစုက မွေးဖွားလာတာမဟုတ်ပေမယ့် ဘာသာရေးစွဲခင်ပွန်းနဲ့ အကြောင်း ပါပြီးနောက်မှာတော့ သူပါအကျင့်ကူးသွားခဲ့သူတစ်ယောက်ပါ။ နောက်ပြီး သူ့ခင်ပွန်းက ရုတ်တရက်ဆိုသလို သူတို့သားအမိကို အကြောင်းပြချက်မရှိပစ်သွားပါတယ်။ ဒါကတော့ လီယာ့သိထားတဲ့ သူ့မိဘတွေရဲ့ဇာတ်လမ်းပေါ့။လီယာ့အမေက တစ်ဦးတည်းသောသမီးကို မျက်စိအောက်ကအပျောက် မခံ ရင်အုပ်မကွာစောင့်ရှောက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ မာယာက တော့ သူ့ယောက္ခမကြီးရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယဉ် ယဉ်လေးရူးနေတယ်လို့ ထင်နေပါပြီ။ ဒါကြောင့် ဘာသာရေးရူး ရူးပြီး ကိုယ့်သမီးကိုယ်အန္တရာယ်ပြန်ပေးမယ့် ယောက္ခမဖြစ်သူလက်ကနေ သူ့ချစ်သူလီယာ့ကို ကယ်ထုတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာ သူသိ လိုက်ရတဲ့အမှန်တရားဟာ.........။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.85 GB) / (553 MB) / (357 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Romance Translator.......Ngwe Zin Encoder..........SWM
movie
Attachment (2022)
2022
6.1
The Hour of the Lynx (2013)
The Hour of the Lynx (2013) ==================== IMDb Rating - 6.1/10the Hour of the Lynxတဲ့ နာမည်လေးကိုက ခပ်ဆန်းဆန်း လေးရယ်၊ ဇာတ်ကားအစပိုင်းမှာကတည်းကို cinematography ကောင်းကောင်းလေးနဲ့ အစပြုထားတော့ ထင်လိုက်တာက အမြင် ဆန်းဆန်းလေးနဲ့ကြည့်ရမယ့် လူသတ်ကားထင်ရပေမယ့် drama ပိုင်းကလဲ တော်တော်လေး strongဖြစ်တယ်။ဇာတ်လမ်းအသွားလေး ခန့်မှန်းနေရတာလေးကိုက ဒီဇာတ်ကားကို ကြည့်နေရတဲ့ ရသ တစ်မျိုးပဲဗျာ၊ ကြည်နူးရတဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောတရားကိုလဲ မတူညီတဲ့ ရှုထောင့်တစ်ခုကနေ မြင်စေရမယ့် ဇာတ်ကားလေးတစ်ကားလဲဖြစ်နေတာမို့ အချိန်ကုန်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားလို့တော့ ကျွန်တော်ညွှန်းလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.7 GB) / (586 MB) / (300 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Paul Encoder..........SWM
movie
The Hour of the Lynx (2013)
2013
6.6
Wild Men (2022)
" လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေ အတူတူ သွား သွား သွားကြမယ်လေ " ဆိုတဲ့ သီချင်းစာသားလေးအတိုင်းပဲ မာတင်ဆိုတဲ့ လူတစ်ဦးဟာ မြို့ပြမှာ မိသားစုနဲ့ အလုပ်အကိုင်နဲ့ အဆင်ပြေနေပေမယ့် မြို့ပြလူနေမှုဘ၀ရဲ့ မွန်းကျပ်မှုကို ခံစားနေရပြီး ငြိမ်းချမ်းမှုကိုရှာဖွေဖို့ တောထဲတောင်ထဲ ထွက်ပြေးလာသူတစ်ဦးပါ မာတင်ဟာ မြို့ပြက သူ့မိသားစုလေးကို စွန့်ပစ်ပြီးတစ်ကိုယ်တည်း တောင်စခန်းတစ်ခုတည် ကိုယ်တိုင် လေးမြှားနဲ့အမဲလိုက် ချက်ပြုတ်ပြီး ဗိုက်ကင်းတစ်ယောက်လို နေထိုင်လာတာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပါပြီဒီလိုနဲ့ ဗိုက်ကင်းကြီးမာတင်ဆီကို အမှုပတ်ဖို့အကြောင်းဖန်လာတာကတော့ မူဆာဆိုတဲ့ မူးယစ်ဆေးမှောင်ခိုသမားပါပဲ မှောင်ခိုသွင်းဖို့ မူဆာနဲ့ သူ့သူငယ်ချင်းနှစ်ယောက် ကားနဲ့လာရင်းမှာ မာတင်နေတဲ့နေရာနားမှ ကားမတော်တဆဖြစ်ပြီး ဗိုက်ကင်းကြီး မာတင်နဲ့ မူးယစ်မှောင်ခို မူဆာတို့ တွေ့ဆုံခဲ့ကြပါတယ် တစ်ဖက်မှာလည်း ရဲတွေနဲ့ မိသားစုက လိုက်ရှာနေတဲ့ မာတင်... တစ်ဖက်မှာတော့ သူငယ်ချင်းနှစ်ယောက်က ပြန်လိုက်ရှာနေတဲ့ မူးယစ်ဆေးတစ်အိတ်နဲ့ မူ ဆာ.... သူတို့နှစ်ယောက်ဟာ ...
movie
Wild Men (2022)
6.5
The Venus Effect (2021)
The Venus Effect (2021)==================IMDb Rating - 6.5/10သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah ...
movie
The Venus Effect (2021)
2021