Channel Myanmar

Sofía Otero

20,000 Species of Bees (2023)
20,000 Species of Bees (2023) ကားနာမည်ကို ဒီတိုင်းကြည့်ရင် ပျားမျိုးစိတ်တွေအကြောင်းများ ရိုက်ထားတာလားလို့ ဇဝေဇဝါဖြစ်သွားနိုင်ပေမဲ့ တကယ်တမ်း ဒီဇာတ်ကားလေးကတော့ IMDB 7/10 ရရှိထားတဲ့ မိဘနဲ့ သားသမီးအကြား နားလည် လက်ခံပေးမှုတွေကို အဓိက ဖော်ကျူးထားတဲ့ စပိန် Drama ကားလေးပါ။ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ တခြားရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း ၃၄ ဆုအပြင် nomination ၅၃ ခု ဝင်ခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်လေး Sofía Otero ဟာလည်း ၈နှစ် အရွယ်လေး အိုင်တောရဲ့ ခံစားချက်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တာမို့ အကောင်းဆုံး အဓိကဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ လူတွေက ကိုယ့်ရဲ့တည်ရှိမှုကို ဘယ်အသက်အရွယ်မှာ စတင် သတိထားမိလာပါသလဲ။ ကိုယ်က အဖြူရောင်ကြိုက်တာလား၊ အမည်းရောင်ကြိုက်တာလား။ ဆံပင်အတိုကြိုက်တာလား၊ အရှည်ကြိုက်တာလား။ စတဲ့ ရွေးချယ်နိုင်မှုတွေ မဟုတ်ဘဲ ကိုယ့်ရဲ့တည်ရှိမှု အစစ်အမှန်ကို သတိထားလာမိတဲ့အရွယ်က ပျမ်းမျှ ဘယ်အရွယ်လောက်များလဲ။ဒီဇာတ်ကားထဲက အိုင်တောဆိုတဲ့ အဓိကဇာတ်ကောင်လေးကတော့ ...
movie

20,000 Species of Bees (2023)