Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sirena Gulamgaus
5.5
Humane (2024)
Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Humane (2024)
6.8
Code 8 Part II (2024)
2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီးနာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားCode 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီးအရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီးရာဇဝတ်မှုတွေလည်း များလာပါတယ်။ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီးတစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီးအဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက်ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာသူ့အပြစ်တွေကိုဝန်ခံပြီး ထောင်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာသူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီးကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက်အသတ်ခံလိုက်ရပြီး ...
movie
Code 8 Part II (2024)