Channel Myanmar

Sira-Anna Faal

A Sacrifice (2023) 5.5
A Sacrifice (2023)  အသစ်ထွက်ရှိလာတဲ့အမေရိကန်ရုပ်ရှင် A Sacrificeမှာတော့ ဂျာမနီမှာလာရောက်အခြေချနေထိုင်နေတဲ့အမေရိကန်လူမှုစိတ်ပညာရှင်ဘင်မွန်ရိုးဟာ ယုံကြည်မှုအစွန်းရောက်တဲ့ဂိုဏ်းတွေရဲ့စိတ်နေစိတ်ထားကိုလေ့လာစူးစမ်းနေသူတစ်ဦးပါ။ဘင်ရဲ့ဆယ်ကျော်သက်အရွယ်သမီးလေးမတ်ဇီကဘင်ရှိတဲ့ဂျာမနီမှာ အမေရိကန်ကနေကျောင်းလာတက်ချိန်မှာတော့ မာတင်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်ခဲ့မိပါတယ်။ ဒါပေမဲ့ မာတင်က သာမန်ကောင်လေးတစ်ယောက်မဟုတ်ဘဲ အစွန်းရောက်ဂိုဏ်းတစ်ခုနဲ့ဆက်နွယ်နေပြီး မတ်ဇီကိုပါဆွဲသွင်းဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘင်တစ်ယောက် မတ်ဇီရဲ့အသက်ကိုအစွန်းရောက်ဂိုဏ်းရဲ့လက်က ဘယ်လိုကယ်တင်မလဲဆိုတာသည်းထိတ်ရင်ဖိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 607MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

A Sacrifice (2023)

The Ordinaries (2022) 6.7
The Ordinaries (2022)  ဘဝမှာ ခင်ဗျားကအရံလူတစ်ယောက် ဖြစ်နေတယ်ဆိုရင် ခင်ဗျားကအရေးပါတဲ့သူ တစ်ယောက်ဖြစ်ဖို့ကြိုးစားမလား ဒါမှမဟုတ် အမေ့လျော့ခံဘဝလေးမှာပဲ ရှင်သန်သွားမလား ဒီ Ordinariesဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကရုပ်ရှင်လောကရဲ့ဇာတ်ကောင်သုံးမျိုးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေ ဇာတ်ပို့ဇာတ်ရံတွေ အပယ်ခံတွေရဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ထားပြီးဒါရိုက်တာSophie Linnenbaumက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားကrating 6.7/10 အထိရရှိထားပြီး ဂျာမနီနိုင်ငံရဲ့သရုပ်ဆောင် အကျော်အမော်မင်းသမီးဖြစ်တဲ့ Fine Sendel ကအဓိကဇာတ်ဆောင် ပေါ်လာ အဖြစ်သရုပ်ဆောင်ထားပြီး အကောင်းဆုံးမျက်နှာသစ်ဒါရိုက်တာဆု အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆု အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု စတဲ့ဆုပေါင်းများစွာကိုဆွတ်ခူးရရှိထားပါတယ် ဒီဇာတ်ကားမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ပေါ်လာဆိုတဲ့ ကောင်မလေးတစ်ယောက် အဓိကဇာတ်ဆောင်ဖြစ်ဖို့ ကြိုးစားရာမှာတွေ့ကြုံရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ အပယ်ခံလူတန်းစားတွေကရုပ်ရှင်တေးသွားတွေကို ဖန်တီးခွင့်မရှိသလို အဓိဇာတ်ဆောင်တစ်ယောက်ဖြစ်ခွင့်လည်းမရှိဘူးလို့ တားဆီးပိတ်ပင်ခံထားရပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိပါဘူး အဓိကဇာတ်ဆောင် တစ်ယောက်ဖြစ်ဖို့အဓိကဇာတ်ဆောင်သင်တန်းကျောင်းမှာ ကြိုးစားနေတဲ့ ပေါ်လာတစ်ယောက်ငယ်ငယ်ကတည်းက စွန့်ပစ်သွားတဲ့ ဖခင်ဖြစ်သူကို လိုက်ရှာရင်း မိမိကအပယ်ခံတစ်ယောက် ဖြစ်နေတာကိုသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအတားအဆီးတွေနဲ့ကြုံတွေ့ရမလဲ ပေါ်လာတစ်ယောက်ကြုံတွေ့လာတဲ့ အတားအဆီးအခက်အခဲတွေကိုကျော်ဖြတ်ပြီး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သွားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ...
movie

The Ordinaries (2022)