Channel Myanmar

Simran Sharma

Hum Chaar (2019) 5.8
Hum Chaar (2019) Hum Chaar (2019) ဘဝတစ်ကွေ့IMDb 5.7/10 ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ်ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက် သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူး ကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့ သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်း အချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့.......(အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 1.86GB / 862MB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hum Chaar (2019)

Animal (2023) 6.7
Animal (2023)  Animal (2023) ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ် ========================================================= IMDb - 6.7/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။ ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။ ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့...။လူဆိုတာမျိုးက ...
movie

Animal (2023)

2023
4K HEVC
Atithi Bhooto Bhava (2022) 6.5
Atithi Bhooto Bhava (2022) ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူးဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ ...
movie

Atithi Bhooto Bhava (2022)

2022