Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simone Kessell
5.5.
Hard Home (2024)
အခုတစ်ခါ cm ပရိသတ်ကြီးကို လတ်တလော ထွက်ရှိထားပြီးသည်းထိတ်ရင်ဖို ဇာတ်ကားတစ်ခုဖြစ်တဲ့ Hard Home ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာ ဒီရာဘလို ကွင်းဆက် စိတ္တဇလူသတ်သမားရဲ့ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ကယ်လီဆိုတဲ့ကောင်မလေးရဲ့ မိခင်ဖြစ်သူ အန်နာက ကိုယ်တိုင်စုံစမ်းထောက်လှမ်းပြီး လူသတ်သမားနဲ့ အပြိုင်ကြဲတဲ့ သရုပ်ဆောင်ချက်တွေ တွေ့ရမှာပါ။ဒီလူသတ်သမား ကိုယ်တိုင်က စကားမပြောနိုင်ဘဲ အ'နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သားကောင်တွေ အားလုံးဟာ ဆံပင်အမည်းရောင်နဲ့ ပိန်ပိန်ပါးပါး မိန်းကလေးငယ်တွေချည်းပါပဲ။သူဟာ သေဆုံးသူတိုင်းကို မလှုပ်ရှားနိုင်အောင် ဆေးထိုးထားပြီးလျှာကိုဖြတ်ယူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာပါ။တစ်ဦးတည်းသော သမီးလေးအတွက် လက်စားချေဖို့ဆန္ဒပြင်းပြနေတဲ့ အန်နာဟာ ကိုယ်တိုင်လည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့တဲ့စမတ်နည်းပညာအဆင့်မြင့် နေအိမ်ကို လူသတ်သမားထောင်ဖမ်းနိုင်ဖို့အတွက် လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်၊နှိပ်စက်ညှင်းပန်းဖို့အတွက် သီးသန့်အခန်းပါ နေအိမ်ထဲထပ်မံတည်ဆောက်ပါတော့တယ်။အန်နာ တစ်ယောက် လူသတ်သမားကို ထောင်ဖမ်းဖို့ ကြိုးစားရင်းကိုယ်တိုင်ပဲ သားကောင် ဖြစ်သွားမလား....ဒီလူသတ်သမားကရောဘာကြောင့် ဒီလိုမျိုးတွေ ကျူးလွန်နေတာလဲ....။ File size…1.31GB / 612MB Quality…WEB-DL ...
movie
Hard Home (2024)
6.1
San Andreas (2015)
Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size… 7GB / 1.5 GB / 813 MB Quality… BluRay 4k ...
movie
San Andreas (2015)
4K HEVC
The Informers (2008)
မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie
The Informers (2008)