Channel Myanmar

Simona Caparrini

The Man from U.N.C.L.E. (2015) 7.3
The Man from U.N.C.L.E. (2015) The Man From U.N.C.L.E (2015)IMDb Rating (7.3) / Rotten Tomatoes (68%)Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့....စစ်အေးခေတ် Cold War  ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်...ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကိုအသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။ File size…(6.1 GB)/(1.8 GB )/(1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

The Man from U.N.C.L.E. (2015)

4K HEVC
To Rome with Love (2012) 6.3
To Rome with Love (2012) [Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie

To Rome with Love (2012)